32 C
Yangon

အကြမ်းဖက်စစ်တပ် ဖြိုခွဲခံနေရကြောင်း ဖက်ဆစ်ဒုခေါင်းဆောင် စိုးဝင်းပြော၊ တပ်များကို လှည့်လည်စည်းရုံးနေ

Must read

ရန်ကုန်၊ မတ် ၁၉

အကြမ်းဖက်စစ်တပ်ဒုခေါင်းဆောင် စိုးဝင်းက လက်ရှိတွင် စစ်တပ် ဖြိုခွဲခံနေရကြောင်း ယမန်နေ့ ရှမ်းပြည်နယ်၊ ကလောတပ်နယ်တွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။

လက်ရှိတွင် ပြည်တွင်းပြည်ပ ပူးပေါင်း၍ နိုင်ငံရေး၊ စီးပွားရေးကို ပိတ်ဆို့သည့် နည်းလမ်းများအပါအဝင် နည်းလမ်းမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်ခြင်း၊ ယန္တရားရပ်တန့်စေရန် ဝန်ထမ်းများ CDM ပြုလုပ်စေခြင်း၊ ဘဏ်စနစ်ပြိုလဲ၍ ငွေကြေးကမောက်ကမဖြစ်စေရန် ဖန်တီးခြင်း၊ အလုံးစုံ ပျက်သုဉ်းရေး လုပ်ဆောင်နေကြောင်း စိုးဝင်းက ပြောသည်။

ထို့ပြင် စစ်တပ်ကို ပြိုကွဲစေရန် လုပ်ဆောင်နေကြကြောင်း၊ CDM အရာရှိ၊ စစ်သည်များမှတစ်ဆင့် မီဒီယာနည်းလမ်းဖြင့် စစ်တပ်ကို ဖြိုခွဲနေကြောင်း၊ စစ်တပ် ဖြိုခွဲခံနေရကြောင်း ၊ စစ်ရေးအရ ဖိအားပေးခြိမ်း ခြောက်ရန်လည်း ကြိုးစားနေကြကြောင်း စိုးဝင်းက ပြောဆိုသည်။

တပ်ဘက်သတင်းရင်းမြစ်များ၏ အဆိုအရ လက်ရှိအခြေအနေတွင် စစ်တပ်တွင် ပြည်သူများ၏ ထောက် ခံမှုမရှိတော့သဖြင့် စစ်သည်များ စိတ်ဓာတ်ကျဆင်းခြင်း၊ အနာဂတ်ပျောက်လာခြင်းနှင့် သေဆုံးမှုမျာ းပြားခြင်းတို့ကြောင့် တပ်ကို စွန့်ခွာလိုသူများပြားနေကြောင်း၊ အဆက်အသွယ်နှင့်အချိတ်အဆက် မရှိ၍သာ စွန့်ခွာရန် ခက်ခဲနေကြသည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article