35 C
Yangon

အင်မထီးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့ကို PRA ပူးပေါင်းအဖွဲ့ဝင်တိုက်၊ စစ်သား ၄ ဦး၊ ပျူစောထီး ၁၄ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၉

ပုလဲမြို့နယ် အင်မထီးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့ကို မတ်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် ပြည်သူ့တော်လှန်ရေးတပ်မတော် PRA နှင့် မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၄ ဦးနှင့် ပျူစောထီး ၁၄ ဦး သေဆုံးကြောင်း PRA က သတင်းထုတ်ပြန်သည်။

အဆိုပါ အင်မထီးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ ဦးနှင့် ပျူစောထီး ၆၀ ဦး ခန့်ရှိကြောင်း ပျူစောထီးသင်တန်းပေးနေကြောင်း၊ ယင်းအဖွဲ့သည် ကိုင်းတွင်းရွာကို မီးရှို့ဖျက်ဆီးပြီး ကျွဲ၊ နွားများနှင့် အသုံးအဆောင်များကို ခိုးယူသွားကြောင်း၊ PRA တပ်ခွဲများ၊ ကျားသစ်နက်တပ်ဖွဲ့၊ PPDG၊ MVRF၊ ဒေါင်းနက်နယ်စည်းမခြားတပ်ဖွဲ့၊ Phoenix အထူးပြောက်ကျားတပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း PRA က ဆိုသည်။

၄ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပြီး PRA တပ်ခွဲ ၂၃ နှင့် တပ်ခွဲ ၃၀ မှ ရဲဘော် ၂ ဦး၊ မဟာမိတ်အဖွဲ့မှ ရဲဘော် ၁ ဦး အနည်းငယ်ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။

ဓါတ်ပုံ – ပြည်သူ့တော်လှန်ရေးတပ်မတာ် တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article