38 C
Yangon

မြစ်ကြီးနားမြို့ ရဲစခန်း ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်ခံရပြီး စစ်သားနှင့်ရဲများသေဆုံးထိခိုက်နိုင် ၊ တပ်ကုန်းနှင့်စီတာပူတွင်လည်း ဗုံးများပေါက်ကွဲ၊ ဒီပဲယင်းတိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းတွင် ယနေ့ ည ၇ နာရီ ၂၀ မိနစ်အချိန် ၄၀ မမ ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်ခံရပြီး စစ်သားနှင့်ရဲများသေဆုံးနိုင်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ စီတာပူနှင့်တပ်ကုန်းတို့တွင်လည်း ယနေ့ ည ဗုံးများပေါက်ကွဲကြောင်း သိရှိရသည်။

“တပ်ကုန်းအုပ်ချုပ်ရေးမှူးက ဗုံးကွဲတယ်လို့ သိရတယ်။ ဘေးနားမှန်ဆိုင်က ကောင်လေး အလုပ်သမားထိခိုက်သွားတယ်။ ထိခိုက်သူကို စစ်တပ်က PDF လို့စွပ်စွဲပြီးဖမ်းမယ် လုပ်နေတယ်။ ထိခိုက်သူဆေးရုံကြီးမှာရောက်နေတယ်လို့ကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် တနယ်-ဆင်ရောက်ကုန်းရွာ၌ ခေတ္တအထိုင်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မတ်လ ၁၈ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ဝ ဦးသေဆုံးခဲ့ကြောင်း C&T SHWEBO တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို C&T SHWEBO၊ SNAKE EYES-PDF နှင့် တပ်ပေါင်းစု(၂) ဒီပဲယင်းမြို့နယ်ရှိ ဒေသခံကာကွယ်ရေး အဖွဲ့အစည်းများနှင့် အတူ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း စစ်ကောင်စီ တပ်ဖွဲ့များသည် ဒီပဲယင်းမြို့နယ် ညောင်လှရွာ၊ နမြားရွာ၊ ယဉ်ကျေးရွာ၊ မရိုးကုန်းရွာ ၊ကြူဝောာရွာ၊ ကျွဲတိုးခြုံရွာ ၊ချောင်းမြီးတိုရွာ ၊တည်တောရွာ ၊သပြေကုန်းရွာ ၊မြင်းတန့်ကျေးရွာ ၊ဒိုင်နက်ရွာ ၊မရကန်ရွာ ၊ရွာသစ်ရွာ ၊တနယ်- ဆင်ရောက်ကုန်းကျေးရွာ တစ်လျှောက်ရှိ ပြည်သူပိုင်ပစ္စည်းဥစ္စာများကို မွှေနှောက်ယူငင်ပြီး မရကန်ကျေးရွာရှိ နေအိမ်(၈)လုံးကိုမီးရှို့ဖျက်ဆီးသော စစ်ကြောင်း ဖြစ်ကြောင်း C&T SHWEBO တပ်ဖွဲ့ထံမှ သိရသည်။

ဓာတ်ပုံ- မြစ်ကြီးနားမြို့နယ်ရှိ မြို့မရဲစခန်း

Photo – Kachin News Group

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article