38 C
Yangon

ရွှေပြည်သာရဲစခန်းနှင့် မြို့နယ်ခန်းမကို ၄၀ မမ ဗုံးသီးလက်နက်များဖြင့် ပစ် ခတ်တိုက်ခိုက်၊ ရန်ကုန်မြို့တွင် မြို့ပြပျောက်ကြားတပ်များ အရှိန်မြှင့်မည်ဖြစ်၍ ပြည်သူများ အပြင်မထွက်ရန် တိုက်တွန်း

Must read

ရန်ကုန်၊ မတ် ၁၉

ရန်ကုန်တိုင်း၊ ရွှေပြည်သာရဲစခန်းနှင့်မြို့နယ်ခန်းမကို ၄၀ မမ ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကို အခွန်ပေးနေသည့် ရွှေပြည်သာမှ KTV တစ်ခုကိုလည်း ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မတ်လ ၁၉ ရက်နေ့ ည ၇ နာရီအချိန် People’s Force နှင့် Spring Brother တို့ပူးပေါင်း၍ ရွှေပြည်သာမြို့နယ်ရဲစခန်းကို ၄၀ မမ ဗုံးသီးလက်နက် တစ်လုံးဖြင့် အယောင်ပြတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်များ စုပြုံလာနိုင်သော ရွှေပြည်သာမြို့နယ်ခန်းမရှိ စစ်ကားကြီး ၅ စီးနှင့် Double Cap ၂ စီးတို့ကို ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အထူးလေ့ကျင်ထားသော မြို့ပြပျောက်ကြားအဖွဲ့များ ဖြင့်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့တွင် မြို့ပြပျောက်ကြားတပ်ဖွဲ့များက အရှိန်အဟုန်မြင့်တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့်ပေါက်ကွဲသံများကြားလျှင် မစူးစမ်းကြရန် တော်လှန်ရေးအဖွဲ့များက တိုက်တွန်းအသိပေးချက်များ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article