32 C
Yangon

အာဏာသိမ်း စစ်ကောင်စီက ကေအဲန်ယူ – ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေအတွင်း လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၂၀

အာဏာသိမ်း စစ်ကောင်စီက ကေအဲန်ယူ – ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေအတွင်းမတ်လ၁၉ ရက်နေ့ မနက် ၂ နာရီ အချိန်မှာ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟို ကထုတ်ပြန်လိုက်ပါတယ်။

ကေအဲန်ယူ – ညောင်လေးပင်ခရိုင် တပ်မဟာ ၃ အတွင်းအာဏာသိမ်း စစ်ကောင်စီကလေယာဉ်နဲ့ဗုံး ၄ လုံး လာရောက်ကြဲချခဲ့တာဖြစ်တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက လေယာဉ် နဲ့ လာရောက်ကြဲချခဲ့တဲ့ ဗုံး‌တွေဟာ ကေအဲန်ယူ – ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် ကွီးလားကျေးရွာမှာ ၂လုံးကျရောက်ခဲ့ပြီး ဆောထိမြို့နယ် တကက်ပူ ကျေးရွာကိ (၂) လုံး ကျရောက်ခဲ့တယ်လို့ သိရှိရပါတယ်။

ပြည်သူလူထုထိခိုက်သေဆုံးမှုမရှိသော်လည်း နေအိမ်အဆောက်အဦးတွေထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကေအဲန်ယူ – ညောင်လေးပင်ခရိုင် အတွင်းမှာရှိတဲ့ ကျေးရွာပေါင်း ( ၁၇ ) ရွာက ပြည်သူလူထုပေါင်း (၃၇၀၀) ခန့်တို့သည် ထိန့်လန့်ကြောက်ရွံ့ခဲ့ကြရပြီး
ကျေးရွာကိုစွန့်ပြီး တောတောင်များအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဲ့ဒီကျေးရွာတွေမှာ နေထိုင်တဲ့ပြည်သူတွေ အနေနဲ့ လက်တလောဖြစ်ပွားနေတဲ့ Covid – 19 ( အိုမီခရွန်) ရောဂါကို ကာကွယ်ရန် နှင့် ကုသရန်အတွက် များစွာ အခက်အခဲ ဖြစ်စေခဲ့တယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article