31 C
Yangon

သထုံ၊ ကျောက်တောင်ရွာ ဘုရားပွဲကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘုရားပွဲခင်းထဲသို့ ကျရောက်ပေါက်ကွဲပြီး အသက် ၇ နှစ်အရွယ် ကလေးငယ် အပါအဝင် ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၂၀

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျောက်တောင်ကျေးရွာတွင် ကျင်းပလျက်ရှိသော ဘုရားပွဲကို မတ်လ ၁၉ ရက်နေ့ညပိုင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အသက် ၇ နှစ်အရွယ်ကလေးငယ် အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ကားများ ထိခိုက်သွားကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မတ်လ ၁၉ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းပကျေးရွာရှိ စစ်ကောင်စီ၏ ခမရ (၉) တပ်ခွဲက ကျောက်တောင်ကျေးရွာရှိဘုရားပွဲသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ဘုရားပွဲထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကြောင်း ကား ၂ စီးနှင့် ဆိုင်ကယ် ၁ စီးမှာလည်းထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူ ၃ ဦးမှာ ကျောက်တောင်ကျေးရွာမှဒေါ်ဒေ့သုတ် အသက် ၅၀ နှစ်၊ အဲ့မှတ်စန် အသက် ၇ နှစ်၊ ပိန္ဒဲတောကျေးရွာမှ ဒေါ်ငွေကြည် အသက် ၅၄ နှစ်တို့ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article