32 C
Yangon

ဒီးမော့ဆို၊ ဒေါငံခါးကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်က တပတ်အတွင်း အများပြည်သူပိုင် နေအိမ် ၄၀ လုံးကျော် မီးရှို့ဖျက်ဆီး၊ ပစ္စည်းများခိုးယူ

Must read

ရန်ကန်၊ မတ် ၂၀

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သည် မတ်လ ၁၃ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ တပတ်အတွင်း အများပြည်သူပိုင် နေအိမ်များမှ ပစ္ဏည်းများကို လုယက်၊ ခိုးယူသလို နေအိမ် ၄၀ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက သတင်းထုတ်ပြန်သည်။

ဒေါငံခါးကျေးရွာတွင် မတ်လ ၁၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ အတွဲလိုက်ဒုံး (MLRS) များဖြင့် ပစ်ကူမှုကြောင့် ကရင်နီတပ်ဖွဲ့များ ဒေါငံခါးကျေးရွာမှ ခေတ္တဆုတ်ခွာပေးခဲ့ရသည်။

ယင်းနောက် အကြမ်းဖက်စစ်သားများသည် ဒေါငံခါးကျေးရွာအပါအဝင် ဒီ/ကျေး အုပ်စုအတွင်းရှိ အများပြည်သူပိုင် ပစ္စည်းဥစ္စာများကို ခိုးယူသလို ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article