29 C
Yangon

ဘင်္ဂလားပင်လယ်ပြင်အတွင်းမှ မုန်တိုင်းငယ်မှ မြန်မာနိုင်ငံဘက်သို့ ဦးတည်နေ၊ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်

Must read

ရန်ကုန်၊ မတ် ၂၀

ဘင်္ဂလားပင်လယ်ပြင်အတွင်းမှ မုန်တိုင်းငယ်မှ မြန်မာနိုင်ငံဘက်သို့ ဦးတည်နေပြီး မကြာမီ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီးမြန်မာနိုင်ငံဘက်သို့ ဗဟိုပြုနေကြောင်း၊ မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာ နိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်ပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ကြောင်း ထုတ်ပြန်ထားသည်။

မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်းသည် လက်ရှိ တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)နှုန်းခန့်ရှိကြောင်း၊ လာမည့် ၃၆ နာရီအတွင်း အဆိုပါမုန်တိုင်းငယ်(Depression) သည် မြောက်ဘက်သို့ရွေ့လျားပြီး၊ ပိုမိုအားကောင်းလာပြီးနောက်(၂၄)နာရီအတွင်းအားကောင်းသောမုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ လည်းကောင်း၊ နောက်(၃၆)နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းထားသည်။

အဆိုပါမုန်တိုင်းငယ်(Depression)သည် မတ်လ ၂၁ ရက်နေ့ ညပိုင်းတွင် မြန် မာ နိုင်ငံ၊ ကိုကိုးကျွန်းအနီး သို့လည်းကောင်း၊ မတ်လ ၂၂ ရက်နေ့ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ မတ်လ ၂၂ ရက်နေ့၌ ညပိုင်းတွင် ရခိုင်ကမ်းရိုးတန်းအနီးသို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

သတိပေးနှိုးဆော်ချက်အနေဖြင့် မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် ယနေ့မွန်းတည့်မှ မတ်လ ၂၂ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာ ရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရှိရသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်သည်ဟု သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article