38 C
Yangon

ရန်ကုန်တိုင်း၊ ကော့မှူးတွင် အားမာန်ပရဟိတအသင်း ဥက္ကဋ္ဌ ကိုသန့်စင်အောင်ကို စစ်တပ်က ပစ်သတ်ပြီး အလောင်း သယ်ဆောင်ဖျောက်ဖျက်

Must read

ရန်ကုန်၊ မတ် ၂၀

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် မြို့ကုန်းကျေးရွာ၊ ဘုန်းကြီးကျောင်းကို ယနေ့နံနက် ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာ အားမာန် ပရဟိတ အသင်းဥက္ကဌ ကိုသန့်စင်အောင်ကို သေနတ်ဖြင့် ပစ်သတ်လိုက်ပြီး အလောင်းကို ဖျောက်ဖျက်သယ်ဆောင်သွားကြောင်း ဒေသသတင်းရင်းမြစ် Kawhmu News Agency က ပြောသည်။

ယနေ့ မတ်လ ၂၀ရက် နံနက် ၄နာရီ ၂၄မိနစ်အချိန်၊ အကြမ်းဖက်စစ်တပ်က မြို့ကုန်း တောင်ပေါ်ကျောင်းမှ အားမာန်ပရဟိတအသင်းကို ဝင်ရောက်စီးနင်းပြီး ပရဟိတအသင်းဥက္ကဌဖြစ်သူ ကိုသန့်စင်အောင်(ခ)ကိုပြောင်ကြီး၏ ‌ခြေထောက်နှင့်ခေါင်းကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရှိရသည်။

စစ်တပ်က ကျောင်းထိုင်ဆရာတော်ကိုမူ ကိုသန့်စင်အောင်သည် အုတ်နံရံနှင့်ခေါင်းဆောင့်သေသည်ဟု ပြောဆိုပြီး အလောင်းယူဆောင်သွားကြောင်း သိရှိရသည်။

“ဒီမနက် ၄နာရီ‌လောက် သူနေထိုင်ရာ ဘုန်းကြီးကျောင်းထဲဝင်စီးပြီး ခြေ ထောက်နဲ့ခေါင်းကိုပစ်သတ်သွားတာ ပြီးတော့ ထွက်ပြေးရင် အုတ်နံရံနဲ့ ‌ဆောင့်ပြီး သေတာလို့ ပြောသွားတယ် ”ဟု ‌Kawhmu News Agency က ဆိုသည်။

သေဆုံးသူ အားမာန်ပရဟိတအသင်းဥက္ကဌ ကိုသန့်စင်အောင်သည် ပရဟိတသမားတစ်ဦးဖြစ်ပြီး ကိုဗစ်ကာလတွင် မြို့နယ်အတွင်း ပရဟိတအလုပ်များကို စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးနေသူဖြစ်ကြောင်း၊ ကိုသန့်စင်အောင် ၏ ညီအစ်ကိုများကိုလည်း စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပစ်သတ်ခံရသူ ကိုသန့်စင်အောင် ။

Photo – Kawhmu News Agency။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article