38 C
Yangon

ရေစကြိုနှင့် ကျောက်ထုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မိုင်းဆွဲ တိုက်ခိုက် ခံရပြီး စစ်သား ၈ဦးသေဆုံး၊ မုံရွာတွင်လည်း ကမ္ဘောဇဘဏ်ခွဲ ၃ ခု ဖောက်ခွဲ တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ မတ် ၂၀

မကွေးတိုင်း ပခုက္ကူ-ရေစကြို လမ်းပိုင်းရှိ ပခုက္ကူမြို့သို့ ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ လိုက်ပါလာသည့် ကား ၁စီးကို ယနေ့ မတ်လ ၂ဝ ရက်နေ့ မွန်းလွဲ ၁၂နာရီ ၄ဝမိနစ်ခန့်တွင် ပခုက္ကူ လေယာဉ် ကွင်းအနီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ ၂ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ဦးသေဆုံးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို Southern YSO PDF နှင့် PAKOKKU NORTH PDF တပ်ဖွဲ့တို့က ပဒေသာ မိုင်း ၈ လုံး ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၅ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၂ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း ပခုက္ကူ-ကျောက်ထု လမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ ခြေလျင် စစ်ကြောင်းကို မတ်လ ၁၈ ရက်နေ့ ည ၁၁ နာရီ ၃ဝမိနစ်တွင် People’s Defence Force – Htilin (Yaw Region) တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ကမ္ဘောဇဘဏ်ခွဲ ၃ ခုကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ ၃ဖွဲ့က မတ်လ ၁၉ ရက်နေ့တွင် ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s Defence Force – South Monywa၊ Black Dragon Special Task Forceနှင့် Knights Of The Red Land တပ်ဖွဲ့တို့က ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို မသိ ရှိရ သေးကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article