38 C
Yangon

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပြီး စစ်သား အနည်းဆုံး ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၂၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ဘက်ရှိ၊ အောင်ချမ်းသာကျေးရွာတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CNO/CNDF၊ PDF-Kalay ပူးပေါင်းတပ်ဖွဲ့ကြား ယနေ့မတ်လ ၂၀ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင်တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား အနည်းဆုံး ၇ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

တိုက်ပွဲသည် ၁ နာရီနီးပါး ကြာမြင့်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – CNDF တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article