By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ်လ ၂၂ ရက် နေ့လည်ပိုင်း ရရှိထားတဲ့ သတင်းတွေကတော့
– စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို PDF တွေက မြို့ပြင်တစ်နေရာမှာ အရှင် ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
-အကြမ်းဖက်စစ်အုပ်စု နဲ့ ဆွေးနွေးရန်ဖို့ ရောက်လာတဲ့ အာဆီယံကိုယ်စားလှယ် ရဲ့ ခရီးစဉ်ကို ကန့်ကွက်ရှုတ်ချကြောင်း နဲ့ အာဏာရှင်စနစ်ဖြုတ်ချရေး ချီတက်သပိတ်မှောက်ကြတာဖြစ်ပါတယ်။
-ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါ်လေမြို့နယ်ခွဲ၊ မော်ခီးကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ (၃၂) စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ သိရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။