28.8 C
Yangon

ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာ ၂ ခုကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဧပြီ ၂၆

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာ ၂ ခုကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများနှင့် ဆိပ်ဖြူပြောက်ကျား တစ်ကိုယ်တော် ကျားဇိုး LDF ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်ရှိ ကပစ ၂၁ နှင့် ကပစ ၂၂ ဘက်မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ဇီးဖြူကောင်းကျေးရွာနှင့် ရေပုတ်ကျေးရွာတို့ကို ရုတ်တရက် ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ဇီးဖြူကောင်းရွာမှ နေအိမ် ၈၀ ကျော်နှင့် ရေပုတ်ရွာမှ နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ ထိုသို့ မီးရှို့ဖျက်ဆီးပြီးနောက် စစ်တပ်စစ်ကြောင်းသည် ကျေးရွာအတွင်းမှ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“ကပစ ဘက်ကနေလာတဲ့ စစ်ခွေးစစ်ကြောင်းက ရွာထဲကို ရုတ်တရက် ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာ။ တိုက်ပွဲဖြစ်တာတော့မရှိဘူး။ ပြည်သူတွေ ဖမ်းဆီးခံရတာလည်းမရှိဘူးလို့တော့ သိရတယ်။ စစ်ခွေးစစ်ကြောင်းက မီးရှို့ပြီး ပြန်ဆုတ်သွားတယ်။ ၂ ရွာပေါင်း နေအိမ် ၁၀၀ ကျော်လောက် မီးလောင်ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဧပြီလ ၂၂ ရက်နေ့ကလည်း ကပစ ၂၂ မှ အင်အား ၃၀၀ ခန့်ပါသော စစ်ကြောင်းသည် ပုသိမ်-မုံရွာ လမ်းပိုင်းအတိုင်း ပေါက်မြို့ပေါ်၊ ကုက္ကိုစုပျူစောထီးရွာနှင့် ရေပြာရွာရဲစခန်းတို့သို့ ရိက္ခာပို့ဆောင်ရန် ထွက်ခွာလာသောကြောင့် လမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

အလားတူ ဧပြီလ ၁၉ ရက်နေ့ကလည်း ကပစ ၂၂ မှ ထွက်လာသော စစ်တပ်စစ်ကြောင်းသည် ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး လက်ကိုင်ဖုန်းများကို သိမ်းဆည်းကာ ဖုန်းအတွင်းရှိ ငွေကျပ်သိန်း ၁၀၀ ကျော်ကိုလည်း ၎င်းတို့ထံ အတင်းအဓမ္မလွှဲခိုင်းပြီး ယူဆောင်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article