ရန်ကုန်၊ မတ် ၂၂
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာလမ်းမကြီးပေါ်တွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို PDF – Kalay က ယနေ့ မတ်လ ၂၂ ရက် ၇ နာရီ ၄၅ မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်ကြောင်း PDF – Kalay က သတင်းထုတ်ပြန်သည်။
ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသော စစ်ကောင်စီတပ်သား ၆ ဦးသည် တာဟန်းဘက်မှ တောင်သာဘက်သို့ ထွက်ခွာလာစည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အိမ်တွင်းမှုသင်တန်းကျောင်းအနီးရောက်ရှိလာစဉ် PDF – Kalay က ၃ မိနစ်ခန့် တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။
တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ရမ်းသန်းပစ်ခတ်မှုကြောင့် အနီးဝန်းကျင်ရှိ ပြည်သူ ၁ ဦး ခြေထောက်တွင် ကျည်ဆံထိမှန် ဒဏ်ရာရကြောင်း PDF – Kalay က သတင်းထုတ်ပြန်သည်။