25 C
Yangon

နေပြည်တော်တွင် သောက်စားမူးယစ်နေသော ခမရ ၄၁၁ မှ ဗိုလ်ကြီး စံလင်းထက်က “အလကား တပ်ထိန်းတွေ” ဟု ပြောဆိုရန်စရာမှ တပ်ထိန်းစစ်သားများနှင့် ထိုးကြိတ်ရန်ဖြစ်၊ တပ်ထိန်းစစ်သည်အားလုံးရိုက်နှက်ခံရပြီး အချုပ်ထဲရောက်သော်လည်း အရာရှိ စံလင်းထက် လွတ်မြောက်

Must read

ရန်ကုန်၊ မတ် ၂၅

နေပြည်တော်တွင် မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်း သောက်စားမူးယစ်နေသော ခမရ ၄၁၁ မှ ဗိုလ် ကြီး စံလင်းထက်က “အလကား တပ်ထိန်းတွေ” ဟု ပြောဆိုရန်စရာမှ တပ်ထိန်းစစ်သားများနှင့် ထိုး ကြိတ်ကြပြီးနောက် တပ်ထိန်းစစ်သည် အားလုံးရိုက်နှက်ခံရကာ အချုပ်ထဲရောက်ရှိသွားသော်လည်း ရန်ပွဲစတင်သူ ဗိုလ်ကြီးစံလင်းထက်မှာ လွတ်မြောက်သွားကြောင်း တပ်မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ၇၇ နှစ်မြောက် အကြမ်းဖက် စစ်တပ်နေ့ စစ်ရေးပြအခမ်း အနားအတွက် ရောက်ရှိနေကြသည့် စစ်တပ် တပ်ထိန်းတပ်ဖွဲ့၊ အမှတ်(၁၆၁)တပ်ထိန်းတပ်ခွဲမှ ဒုတပ် ကြပ် ရဲညွန့်ဦး၊ ဒုတပ်ကြပ် သန့်ဇင်မင်း၊ အမှတ်(၃၆၃)တပ်ထိန်းတပ်ခွဲမှ တပ်ကြပ် ဇော်ဇော်အောင်၊ အမှတ်(၂) တပ် ထိန်းတပ်ခွဲ(ရေ)မှ တပ်သား ကောင်းဆက်အောင်၊ အမှတ်(၁)တပ်ထိန်းတပ်ခွဲ(လေ)မှ တပ်ကြပ်ကြီး အောင်စိုး၀င်း နှင့် ဒုတပ်ကြပ် နေမင်းစော တို့ဟာ ယူနီဖောင်း၀တ်တို့ဖြင့် နေပြည် တော်၊ ဘောဂသီရိကားကွင်းအတွင်းရှိ ငွေလမင်းစားသောက်ဆိုင်တွင် စားသောက်နေကြကြောင်း၊ ထိုအချိန် တစ်ဖက်၀ိုင်းမှ စားသောက်နေသည့် လူ ၃ ဦးအနက် ဗိုလ်ကြီး စံလင်းထက်က “အလကား တပ်ထိန်းတွေပါကွာ” ဟု ပြောဆိုသဖြင့် နှစ်ဖက် ရန်ဖြစ် ထိုးကြိတ်ကြကြောင်း သိရှိရသည်။

ခမရ ၄၁၁ မှ ဗိုလ်ကြီးစံလင်းထက်က “အလကား တပ်ထိန်းတွေပါကွာ”ဟု စတင်ရန်စခဲ့ခြင်းဖြစ်သော်လည်း နေပြည်တော်စစ်ရုံးချုပ်သို့ လိမ်လည်သတင်းပို့လိုက်သဖြင့် တပ်ထိန်း စစ်သည်များအားလုံး ရိုက်နှက်ခံရပြီး အချုပ်ခံနေရကြောင်း သိရှိရသည်။

“နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ စစ်ရေးချုပ်ရုံးကို ဗိုလ်ကြီးစံလင်းထက်က လိမ်လည်တင်ပြတာက တပ်ထိန်းတွေက ငွေလမင်းစားသောက်ဆိုင်မှာ အရက်သေစာသောက်စားမူးယစ်ပြီး လုံခြုံရေးတာ၀န်ထမ်းဆောင်နေတဲ့ အမှတ်၄၁၁ ခြေမြန်တပ်ရင်း ဗိုလ်ကြီး စံလင်းထက်နဲ့ မိတ်ဆွေ ဦးမျိုး၊ မောင်ဘော်စကိုတို့ကို တပ်ထိန်းတပ်ကြပ်ကြီး အောင်စိုး၀င်း ဦးစီး ၅ ဦးက ၀ိုင်းထိုးတယ်။ ဗိုလ်ကြီး စံလင်းထက်ကို အထက်အရာရှိမှန်းသိလျက်နှင့် ဝိုင်း၀န်းထိုးကြိတ်တယ်။ သေနတ်ကျည်ထိုး ချိန်တယ်။ အရာရှိကို အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်ပြီး စစ်ကားပေါ်ဖမ်းဆီးခေါ်ဆောင်တယ်ဆိုပြီး လိမ်တိုင်တယ်။ အဲဒီတော့ တပ်ထိန်းတွေအကုန်လုံးကို ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးကြီးတွေကိုယ်တိုင် ဆင်းပြီး ထိုးတယ်။ ကန်တယ်။ ဒဏ်ရာတွေရတယ်။ စစ်သည်တွေအကုန်လုံး အဖမ်းခံရတယ်။ ရန်စတဲ့ ဗိုလ်ကြီးစံလင်းထက်က လွတ်သွားတယ်” ဟု ဖြစ်စဉ်ကို သိရှိထားသူ တပ်သတင်းရင်းမြစ်က ပြောသည်။

အဆိုပါဖြစ်စဉ်သည် စစ်ရေးပြလာရောက်ကြသည့် စစ်တပ် အောက်ခြေအဆင့်များထံသို့ ပြန့်နှံ့သွားပြီး အရာရှိချင်း ပူးပေါင်း၍ အောက်ခြေ တပ်သားများအပေါ် ဖိနှိပ်မှုအဖြစ် ပြောဆိုမှုများရှိလာကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မမျှတသော လုပ်ရပ်အဖြစ် ပြောဆိုမှုများရှိလာပြီး စစ်တပ်တွင် အောက်ခြေ အဆင့် တပ်သားများအတွက် အနာဂတ်နှင့် မျှတမှု မရရှိနိုင်မှုကို ထောက်ပြနိုင်သော သက်သေသာဓကဖြစ်စဉ် ဖြစ်လာကြောင်း သိရှိရသည်။

ဓာတ်ပုံ- Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article