25 C
Yangon

ဖောင်းပြင်တွင် CDM ဆရာ၊ ဆရာမ ၂ ဦး လာဖမ်းသည့် စစ်တပ်ဘက်မှ ၆ ဦးကို PDF ၂ ဦးက တိုက်ခိုက်၊ စစ်တပ်ဘက်မှ ဗိုလ်ကြီးထိန်လင်း၊ တပ်ကြပ်ကြီးဖုန်းနိုင်နှင့်ရဲဘော် ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၂၇

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်တွင် CDM ဆရာ၊ ဆရာမ ၂ ဦးကို လာဖမ်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို PDF ၂ ဦးက ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်ကြီးထိန်လင်း၊ တပ်ကြပ်ကြီးဖုန်းနိုင်နှင့်ရဲဘော်တစ်ဦး သေဆုံးသွားကြောင်း ဖောင်းပြင်PDF က သတင်းထုတ်ပြန်သည်။

မတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ဖောင်းပြင်မြို့အခြေစိုက် ခမရ ၃၆၈ တပ်ရင်းမှ ဗိုလ်ကြီးထိန်လင်း၊ဗိုလ်ချမ်းမြေ့အောင်၊ တပ်ကြပ်ကြီးဖုန်းနိုင်နှင့်ရဲဘော် ၃ ဦး စုစုပေါင်း အင်အား ၆ ဦးသည် သညစ်ကျေးရွာအုပ်စုရှိ CDM ဆရာနှင့်ဆရာမမိသားစုတို့နေထိုင်သည့် ဗျူလမ်းဘေးနေအိမ်တွင် PDF များ
ရောက်နေသည်ဆိုသော သတင်းအရ AD Van ကားဖြင့်ရောက်ရှိလာကြောင်း၊ CDM ဆရာ၊ဆရာမတို့၏ နေအိမ်မှာ လမ်းမကြီးဘေးကပ်လျက်ရှိသဖြင့် ထိုကားဝင်လာသည်ကို မြင်ရကြောင်း၊ ယင်းနောက်ကားထဲမှ အလစ်အငိုက် ထွက်ကာ ပစ်ခတ်တိုက်ခိုက်ကြကြောင်း သိရှိရသည်။

နေအိမ်ထဲတွင် CDM ဆရာ၊ဆရာမဇနီးမောင်နှံနှစ်ဦးနှင့် PDF ၂ ဦးရှိနေပြီး PDF တစ်ဦးက G3 သေနတ်၊ တစ်ဦးက 79 လက်နက် ကိုင်ထားကြကြောင်း၊ ဆရာနှင့်ဆရာမနှစ်ဦးက နေအိမ်အနောက်တံခါးပေါက်မှခုန်ချလွတ်မြောက်သွားပြီးနောက် စစ်သည် ၆ ဦးနှင့် PDF၂ ဦးနှင့်အပြန်အလှန်ပစ်ခတ်ကြကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ငယ်များအပြင် လက်နက်ကြီး(60mm)ဖြင့် ပါပစ်ခတ်ကြောင်း၊ အနီးကပ်ပစ်ခတ်မှုဖြစ်သောကြောင့်လက်နက်ကြီးမှာမထိရောက်ကြောင်း၊ PDF နှစ်ဦးပစ်ခတ်သည့် G3 ကျည်နှင့် 79 ဗုံးသီးတို့ကြောင့် ဗိုလ်ကြီး ထိန်လင်း၊ တပ်ကြပ်ကြီး ဖုန်းနိုင်နှင့်တပ်သား ၁ ဦးတို့မှာ သေဆုံးသွားကြကြောင်း သိရှိရသည်။

စစ်တပ်ဘက်မှ ဗိုလ်ချမ်းမြေ့အောင်မှာမူ ခြေထောက်နှစ်ဖက်စလုံး ဖြတ်တောက်လိုက်ရပြီး ဗိုလ်ကြီးထိန်လင်းနှင့်အခြားရဲဘော်၏အလောင်းကိုကောက်သွားနိုင်ကြောင်း၊ တပ်ကြပ်ကြီးဖုန်းနိုင်၏ အလောင်း ကိုမကောက်ယူနိုင်ဘဲ ကျည်ဆံရာဗရပွရထားသော AD Van ကားဖြင့် ထွက်ပြေးသွားကြကြောင်း၊ ခမရ ၃၆၈ သည် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ်လက်အောက်ရှိ ခြေမြန်တပ်ရင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ခမရ ၃၆၈ ၏ဘက်တံဆိပ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article