25 C
Yangon

နယူးယောက်တွင် မြန်မာ့နွေဦးတော်လှန်ရေး ရံပုံငွေဈေးရောင်းပွဲတွင် ဒေါ်လာ ၃၄,၀၀၀ ခန့်ရရှိ၊ မြန်မာနိုင်ငံရှိ လိုအပ်သည့်နေရာများအတွက် အသုံးပြုသွားမည်

Must read

ရန်ကုန်၊ မတ် ၂၇

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် မြန်မာ့နွေဦးတော်လှန်ရေး ရံပုံငွေဈေးရောင်းပွဲတော်ကို Queens county ရှိ St. James Episcopal Church ၌ မတ်လ ၂၆ ရက်က ကျင်းပခဲ့ပြီး ရရှိလာသည့် ရံပုံငွေ ဒေါ်လာ ၃၄,၀၀၀ ခန့်ကို မြန်မာနိုင်ငံရှိ လိုအပ်သည့်အနေရာများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဈေးရောင်းပွဲတော်သည် စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး နယူးယောက်မြို့အခြေစိုက် MAHAA (Myanmar American Humanitarian Aid Association) နှင့် NYCBC (New York City Burmese Community) က ကြီးမှူးကျင်းပကြောင်း၊ မြန်မာအစားအသောက်မျိုးစုံ၊ မြန်မာလက်ဝတ်ရတနာပစ္စည်းများ၊ တိုင်းရင်းသားရိုးရာလက်ဆောင်ပစ္စည်းများနှင့် အဝတ်အထည်မျိုးစုံတို့ကို တည်ခင်းရောင်းချခဲ့ကာ မြန်မာ့လက်မှု အနုပညာ၊ ရတနာ ပစ္စည်းများနှင့် ပန်းချီကားအချို့အားလည်း လေလံတင်ရောင်းပေးခဲ့ကြသည်။

အဆိုပါပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းမှ အမှတ်တရကျေးဇူးတင်စကားပြောကြားကာ၊ ကဗျာဆရာကြီးမောင်စွမ်းရည်၊ ကဗျာဆရာအောင်ဝေး၊ ကဗျာဆရာစောဝေတို့မှ တော်လှန်ရေးကဗျာများရွတ်ဆိုပြီး၊ နယူးယောက်ဒေသခံ Spring Revo Band နှင့်အတူ အဆိုတော်လင်းနစ်မှ သီချင်းများနှင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article