ရန်ကုန်၊ မတ် ၂၇
အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်များဖြင့် ယနေ့ မတ်လ ၂၇ ရက် နံနက် ၂ နာရီခန့်တွင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စု၊ ဒေဘုနိုကျေးရွာနှင့် ထီးလေးကွီးကျေးရွာများအတွင်းသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေဘုနိုကျေးရွာ အထက်တန်းကျောင်းဝန်းဟောင်းနှင့် ထီးလေးကွီးကျေးရွာရှိ နေအိမ် အချို့ ပျက်စီးသွားကြောင်း သိရှိရပြီး လူထိခိုက်မှု ရှိ၊ မရှိ KNU က မထုတ်ပြန်သေးပေ။
အကြမ်းဖက် စစ်ကောင်စီသည် ယမန်နှစ် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်တွင်လည်း ဒေဘုနို ကျေးရွာအတွင်းသို့ ဗုံးကျဲတိုက်ခိုက်ခဲ့သေးသည်။