ရန်ကုန်၊ မတ် ၂၇
တောင်ကိုရီးယားနိုင်ငံတွင် အကြမ်းဖက် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်း ဖက် စစ်တပ် နှင့် စစ်ရာဇဝတ်ကောင် ရုရှားသမ္မတပူတင်တို့ကို ရှုတ်ချကြောင်း ယနေ့ ဆန္ဒပြကြသည်။
စစ်အာဏာရှင်များကို ကန့်ကွက်ဆန္ဒထုတ်ဖော်ခြင်းကို မြန်မာ့နွေဦးတော်လှန် ရေးထောက်ခံသူများ-ကိုရီးယား အဖွဲ့ နှင့် မြန်မာကျောင်းသားများအသင်း-ကိုရီးယား တို့က ဦးဆောင်ပြီး တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့ ရှရှားသံရုံးရှေ့ တွင် မြန်မာနှင့် ယူကရိန်းနိုင်ငံသားများ ပူး ပေါင်း ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။