ရန်ကုန်၊ မတ် ၂၈
စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် CDM ဆရာဆရာမများ ဦးဆောင် သင်ကြားသည့် စာသင်ကျောင်းများ စတင်ဖွင့်လစ်နေပြီဖြစ်ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့များကပါ ပညာရေး ပုံမှန် လည်ပတ်နိုင်ရေး ကြိုးပမ်းနေကြောင်း ပညာရေးအကျိုးဆောင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။
လက်ရှိချိန်တွင် မြောင်မြို့နယ်အတွင်းရှိ CDM ဆရာ ဆရာမများနှင့် စေတနာရှင် ဝန်ထမ်းများပေါင်းစပ်ကာ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိပြီး ရွာပေါင်း ၂၀ကျော် ၃၀ နီးပါးတွင် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
” လိုအပ်တဲ့ သင်ထောက်ကူတွေလည်း ဝယ်နေ စီစဉ်နေပါပြီ ကျွန်တော်တို့ မြောင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့တွေ အကုန်စုပေါင်းပြီး စီစဉ်ကြတာပါ။ ထပ်ဖွင့်ဖို့ကျောင်းတွေပါစီစဉ်နေဆဲမို့ပါ ဆရာဆရာမ လုံလောက်တဲ့ရွာတွေကျ အလယ်တန်းထိဖွင့် လှစ်ဖို့ စီစဉ်ထားတယ်။ နည်းတဲ့ရွာတွေကျ မူလတန်းပဲပေါ့။ အနည်းဆုံးတော့ ရွာတိုင်းမှာ အလယ်တန်း အဆင့်ထိတော့ ဖွင့်နိုင်အောင်ကြိုးစားနေပါတယ်” ဟု ကျောင်းဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက် နေသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ စာသင်ကျောင်းများတွင် အတန်းတင် စာမေးပွဲ များပါဝင်မည် မဟုတ်ဘဲ လပတ် အရည်အချင်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ကျောင်းကော်မတီများ ထားရှိကာ ဒေသခံကာကွယ်တပ်ဖွဲ့များက လုံခြုံ ရေး ပေးမည်ဖြစ်ပြီး ကလေးများ စာနှင့် ဝေးမသွားရန် စိတ်လေပြီးလမ်းမှားရောက်ရန်နှင့် အရေးတော်ပုံ ပြီးဆုံးသည့် ကာလတွင် NUG အစိုးရ၏ တရားဝင်ကျောင်းများ ဖွင့်လှစ်ချိန်၌ အသက်အရွယ်နှင့် အတန်းကွာဟမှုများ မဖြစ်စေရန် သင်ရိုးများကို ဆရာဆရာများနှင့် ကျောင်းကော်မတီဝင်များ စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
Myaung Education Network မြောင်ပညာရေးကွန်ရက် အနေဖြင့် ကြားကာလပညာရေးလုပ်ငန်း ဆောင်တာများကို ကွန်ရက်သဖွယ်ချိတ်ဆက်ပြီး မြောင်နယ်ပညာရေးတွင် ပါဝင်အားဖြည့်သွားပါမည်ဖြစ်သည် ။
Myaung Education Network မြောင်ပညာရေးကွန်ရက်၏ သတင်းထုတ်ပြန်ချက်အရ NUG Ministry of Education, National Unity Government of Myanmar ပညာရေးဝန်ကြီးနှင့်လည်းတွေ့ဆုံပြီး Myaung Edu အနေဖြင့် မြို့နယ်ပညာရေးလုပ်ငန်းများလုပ်ဆောင်သည့်ရည်ရွယ်ချက် ၊ မူဘောင်၊ လုပ်ငန်းစဥ် နှင့် ရည်ရွယ်ချက်များ ကို တင်ပြထားပြီးဖြစ်ကြောင်း သိရှိရသည်။
Myaung Education Network မြောင်ပညာရေးကွန်ရက်အနေဖြင့် ပညာရေး ၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းဆောင်တာများကို မြိုနယ်တွင်းလုပ်ဆောင်ခဲ့သည်မှာ ၂၅ ရက် ရှိခဲ့ပြီဖြစ်ကြောင်း၊ လက်ရှိတွင်
◾️ စာသင်ကျောင်းပေါင်း ၁၇ ကျောင်း
◾️ ကျောင်းသားကျောင်းသူပေါင်း ၃၀၅၃ ယောက်
◾️ KG ၇၃၉ ယောက်
◾️ မူလတန်း ၁၁၁၃ ယောက်
◾️ အလယ်တန်း ၉၅၈ ယောက်
◾️ အထက်တန်း ၂၄၃ ယောက် ဆက်လက်၍ ပညာသင်ကြားရန် ကြားကာလပညာရေးအတွက် Myaung Education Network နှင့်လာရောက်ချိတ်ဆက်ထားကြောင်း၊ ကျေးရွာများတွင်လည်း ကျောင်းများဖွင့်လှစ်ပြီးပညာသင်ကြားပေးနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Myaung Education Networkက တရားဝင် သတင်းထုတ်ပြန်သည်။