25 C
Yangon

အင်းစိန်ထောင်တွင် “ပိုရင်လှူ လိုရင် ယူ” နိုင်ငံရေးအကျဉ်းသားများ အချင်းချင်း ပါဆယ်ဝေငှ ၊ စစ်ဘေးရှောင်များ၊ ဒုက္ခရောက်နေသည့်ပြည်သူများနှင့်တစ်သား တည်းရှိနေဟု နိုင်ငံရေးအကျဉ်းသားများပြောဆို

Must read

ရန်ကုန်၊ မတ် ၂၈

ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ အင်းစိန်ထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများက “ပိုရင်လှူ လိုရင်ယူ”ခေါင်းစဉ်ဖြင့် နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများမှ အချင်းချင်းပါဆယ်ဝေငှခြင်းကို မတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း နီးစပ်သူများ ထံမှ သိရှိရသည်။

“သူတို့အထဲထဲမှာပဲ ရတဲ့ ပါဆယ်တွေကို ပိုရင်လှူ လိုရင်ယူ ဆိုပြီးတော့ ၂၇ ရက်နေ့ မနေ့က လုပ်ခဲ့ပါတယ်။ သူတို့ရတဲ့ ပါဆယ်တွေကို သူတို့ဘာ သူတို့ အကျဉ်းသားအချင်းချင်း မရှိတဲ့ လူကို ပေးတယ်၊ ပိုတဲ့ လူက ပေးတယ်။ လိုတဲ့ လူက ယူ ။ အဲဒီလိုပုံစံမျိုးနဲ့ မနေ့က မနက် ၉ နာရီမှာ စလုပ်ပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားများနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

မတ်လ ၂၀ ရက်နေ့က စတင်တိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းမုန်တိုင်းအန္တရာ ယ်ကြောင့် စစ်ဘေးရှောင်ဒေသများတွင် စခန်းများ၊ ယာယီတဲများပျက်စီးပြီး ဒုက္ခရောက်သည့် ပြည်သူများနှင့် အတူ ထပ်တူခံစားရကြောင်း၊ တော်လှန်ရေးကာလတွင်သာမက တော်လှန်ရေးအောင်မြင်ပြီး ဒီမိုကရေစီ နိုင်ငံသစ်တည်ဆောက်ကြချိန်တွင်လည်း အားလုံးနှင့် အတူ ဝိုင်းဝန်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများက ကတိပြုပြောကြားကြကြောင်း နီးစပ်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ- အင်းစိန်အကျဉ်းထောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article