25 C
Yangon

မြဝတီ၊ သေ့ဘောဘိုးကျေးရွာအနီး ယနေ့တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်ပြီး စစ်သား ၁၃ ဦး ထက်မနည်းသေဆုံး၊ စစ်ကောင်စီက သံချပ်ကာအမြှောက်ကားများ အသုံးပြုထိုးစစ်ဆင်

Must read

ရန်ကုန်၊ မတ် ၂၈

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီ-ဝေါ်လေ လမ်းပေါ်ရှိ သေ့ဘောဘိုးကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား ယနေ့ မတ်လ ၂၈ ရက် မွန်းလွဲပိုင်း၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သား ၁၃ ဦး သေဆုံးကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့မှ မြွေဟောက်စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယနေ့ မွန်းလွဲ ၃ နာရီခန့်မှ ညနေ ၆ နာရီခန့်အထိ သေ့ဘောဘိုးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့၏ စနိုက်ပါစစ်သည်များ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်သား ၁၃ ဦး သေဆုံးကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှထိခိုက်မှုမရှိကြောင်း မြွေဟောက်စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယနေ့ညနေတွင် အကြမ်းဖက်စစ်ကောင်စီက သံချပ်ကာအမြှောက်ကား ၂ စီးဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းမြေပြင်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဓါတ်ပုံ – အကြမ်းဖက်စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသော KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article