38 C
Yangon

သန်လျင်ကညနရုံးနှင့်သင်္ဃန်းကျွန်းတွင် ဗုံးခွဲတိုက်ခိုက်၊ မန္တလေး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီး စစ်သား ၃ ဦးသေဆုံး၊ အမြန်လမ်း ၅၂ မိုင်တွင် စစ်ကောင်စီတပ်ကို မိုင်း ၂ ကြိမ်ဆွဲတိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၃၀

ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ ကညနရုံး ယနေ့ နံနက် ၁၁ နာရီအချိန် ဗုံးခွဲတိုက်ခိုက်ကြောင်း သန်လျင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မတ်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ က.ည.န အခွန်ရုံးက စစ်အကြမ်းဖက်ကောင်စီအတွက် ကျည်ဆံဖိုးများ ဆက်သရန် ပြည်သူလူထုကို ဖိနှိပ် ခြိမ်းခြောက်လျက် မော်တော်ယာဉ်အခွန်အခများ ကောက်ခံနေသဖြင့် သောကြောင့်
သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန် ရန်ကုန်မြို့တွင် “သတိုးမင်းရဲကျော်ထင်”စစ်ဆင်ရေး အဖြစ် ပြောက်ကျား သပိတ်ငယ်အသွင်ယူကာ စစ်ကောင်စီယာဥ်ကို အဝေးထိန်းပဒေသာမိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ အထိအခိုက်များကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ Gods Of Death က သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၁၀နာရီ ၃၅မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့နယ်(အ.ထ.က) သုဝဏ္ဏကျောင်းရှေ့၌ စစ်ကျွန်ပညာရေးအလိုမရှိသော ကျောင်းသားပြောက်ကျား သပိတ်ငယ်အသွင်ယူကာ ပြုလုပ်ခဲ့ကြောင်း၊ ယင်းနောက် မိုင်းချခဲ့ပြီး စစ်ကောင်စီ DC ကားတစ်စီး လာရောက်စစ်ဆေးချိန် ဖောက်ခွဲတိုက်ခိုက်ကြောင်း၊ စစ်ကောင်စီဘက်မှ အထိအခိုက် များရှိနိုင်ကြောင်း G.O.D က သတင်းထုတ်ပြန်သည်။

မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၅ x ၅၉ လမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို GZP Mandalay မြို့ပြပျောက်ကြားတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကြောင်း GZP Mandalay က သတင်းထုတ်ပြန်သည်။

အလားတူ ယနေ့ အမြန်လမ်း ၅၂ မိုင်ရှိ အာဏာသိမ်းစစ်ကောင်စီ ဂိတ်ကို ပဲခူးခရိုင် PDF က မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း၊ ထိုသို့ပေါက်ကွဲမှုဖြစ်သည့်နေရာသို့ စစ်ဆေးရန် ထပ်မံရောက်ရှိလာသည့် စစ်ကားကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ ကားဘေးခြမ်းပျက်စီးပြီး စကစ အဖွဲ့ဝင်များ ထိခိုက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ပဲခူးခရိုင် PDF တပ်ရင်း(၁)က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- ဗုံးခွဲတိုက်ခိုက်ခံရသည့် သန်လျင် ကညန ရုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article