31 C
Yangon

ရန်ကုန် ခရမ်းတွင် ပိန်းကန် ရဲစခန်းနှင့် စစ်ကား မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁ဦးသေဆုံးပြီး ဗျူဟာမှူး ၁ဦး အပါအဝင် ၁၂ဦး ပြင်းထန် ဒဏ်ရာရ၊ တောင်ဥက္ကလာတွင်လည်း စစ်ကောင်စီကို ငွေကြေး ထောက်ပံ့နေသည့် ဘားတစ်ခု တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ရန်ကုန် ခရမ်းမြို့နယ်ရှိ ပိန်းကန် ရဲစခန်းနှင့် စစ်ကားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁ဦး သေဆုံးပြီး ဗျူဟာမှူး ၁ဦးလည်းအပါအဝင် ၁၂ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကာ တောင်ဥက္ကလာတွင်လည်း စစ်ကောင်စီကို ငွေကြေး ထောက်ပံ့နေသည့် ဘားတစ်ခု တိုက်ခိုက်ခံရကြောင်း ရန်ကုန်မြို့အခြေစိုက် ကာကွယ်ရေး တပ်ဖွဲ့များ ထုတ်ပြန်ချက်အရ သိရသည်။

ခရမ်းမြို့ ပိန်းကန် ရဲစခန်းနှင့် တမံကြီးကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF – Khayan)က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ပိန်းကန် ရဲစခန်းရှိ ရဲတပ်သား ၆ဦးသေဆုံးခဲ့ကာ ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ထို့ပြင် တမံကြီး ကျေးရွာ၌ အကြမ်းဖက် စစ်ကော်စီ စစ်ကားများ မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းကြောင့် စစ်သား ၆ဦး သေဆုံးခဲ့ပြီး ၉ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ဗျူဟာမှူး ၁ဦးအပါအဝင် ၇ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF – Khayan) ထံမှ သိရသည်။

အလားတူ တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာ လမ်းမပေါ်ရှိ စစ်ကောင်စီအား ငွေကြေး ကူညီထောက်ပံ့နေသည့် TRANSPORTER BAR ကို United Freedom Force (UFF) အဖွဲ့ ကူညီအားဖြည့်မှုဖြင့် တရားမျှတမှု ယူဆောင်သူ တပ်ဖွဲ့ (Justice Bringer Force)က ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထိုသို့ တိုက်ခိုက်ရာတွင် ပြည်သူများ ထိခိုက်မှုများ မဖြစ်ပွားစေရန် မော်တော်ယာဉ် ၁စီးသာ ထိမှန် ပျက်စီးခဲ့ပြီး စစ်ကောင်စီ ငွေကြေး ထောက်ပံ့နေသော Night Club၊ Barနှင့် KTV များ ပိတ်သိမ်းရန် ကြိုတင် သတိပေးခဲ့ပြီးဖြစ်ကာ ပြည်သူများ အနေဖြင့်လည်း အဆိုပါ Night Club၊ Barနှင့် KTVများကို သွားလာခြင်းမပြုရန် မေတ္တာရပ်ခံကြောင်း Justice Bringer Force တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Photo – AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article