ရန်ကုန်၊ မတ် ၂
နိုင်ငံကျော်အဆိုတော် ပိုင်သက်ကျော်ကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ မတ်လ ၂ ရက် နံနက် ၄ နာရီခန့်တွင် နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
“CDM တွေကို ထောက်ပံ့တယ်ဆိုပြီး သူနေတဲ့ လှိုင်သာယာ၊ နဝဒေးအိမ်ရာမှာ ဝင်ဖမ်းသွားတာဗျ၊ CDM တွေကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းသွားတာဗျ၊ ဖုန်းတွေလည်း သိမ်းသွားတယ်။ အခုထိ ဆက်သွယ်လို့တော့ မရသေးဘူး” ဟု ပိုင်သက်ကျော်၏ မိတ်ဆွေတဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မသန်စွမ်းတဦးလည်းဖြစ်သူ တေးသံရှင် ပိုင်သက်ကျော်ကို လက်ရှိအချိန်တွင် မည်သည့်နေရာတွင် ဖမ်းဆီးစစ်ဆေးနေသည်ကို မသိရှိရသေးပေ။
ယနေ့ မတ်လ ၂ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီသည် ပိုင်တံခွန်၊ လူမင်း၊ အိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ ဒါရိုက်တာဝိုင်းတို့ကို ပြန်လွှတ်ပေးခဲ့ပြီး ဝင်းမင်းသန်းကို ပြစ်ဒဏ်တချို့ လျှော့ပေါ့ပေးခဲ့သည်။