ရန်ကုန်၊ မတ် ၂
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာတွင် ‘လေကြောင်းမှ အပြစ်မဲ့ပြည်သူတွေအား တိုက်ခိုက်နေခြင်းကို ပြင်းထန်စွာ ရှုတ်ချပါ၏’ စာတန်းနှင့်အတူ အကြမ်းဖက် ဖက်ဆစ် စစ်တပ်၏ ပြည်သူများအပေါ် ကျူးလွန်နေသည့် လုပ်ရပ်ကို ကန့်ကွက် ဆန္ဒပြရှုတ်ချခြင်းကို ယနေ့ မတ် ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။