ရန်ကုန်၊ မတ် ၂
စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် စစ်ကောင်စီတပ်မှ အရာခံဗိုလ်ကတော်စန္ဒာကို အနောက် မြောက်လွင်ပြင်တော်လှန်ရေးအင်အားစုက ယနေ့နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန် ကြေညာ သည်။စစ်ကောင်စီတပ်၏အရာခံဗိုလ်ကတော်ဒေါ်စန္ဒာသည် တော်လှန်ရေးတပ်သားများ၏သတင်းကို စစ်တပ်ထံသတင်းပေးပို့ကြောင်း ပြစ်မှုထင်ရှားသည့်အတွက် အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစုက သေနတ်ဖြင့်၆ချက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။ အလားတူ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ယနေ့ညနေ ၄ နာရီအချိန် လျှပ်စစ်မီတာခများ အတင်း အကျပ် လိုက်လံကောက်ခံနေသော ပိန္နဲကုန်းကျေး ရွာမှ စစ်ကောင်စီခန့်ကျေးရွာအုပ်ကြီး မန်းတင်ကို ပြည်သူ့ကာကွယ်ရေးတပ်PDF က ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။ ဓာတ်ပုံ- မုံရွာတွင် ပစ်သတ်ခံရသော ဗိုလ်ကတော်။
Photo- မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး။