28 C
Yangon

တန့်ဆည်၊ တောဂျင်ကျေးရွာအနီး မိုင်းဆွဲခံရမှု စစ်သား ၃၀ သေပြီး ၆ ဦး လက်ပြတ်ခြေပြတ်ဖြစ်၊ ရွာငံတွင် အရာရှိ တစ်ဦးအပါအဝင် စစ်သား ၁၀ ဦးသေဆုံး၊ PDF ၅ ဦးကျဆုံး၊ နွားထိုးကြီး စစ်သား ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၃၀

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်သို့ စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့တွင် တန့်ဆည်-ကလေးဝ လမ်းပိုင်း စိုင်းမသေကွင်းတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့က ပဒေသာမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား၃၀ ဦး သေဆုံးခဲ့ကာ ၆ ဦး ခြေပြတ်လက်ပြတ်ဖြစ်သွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် တန့်ဆည်မြို့နယ် ဂရိတ်ကျေးရွာသို့ ရဟတ်ယာဉ် ၅စီးဖြင့် ရောက်လာကာ စာသင်ကျောင်းနှင့်ဘုန်းကြီး ကျောင်းတွင် တပ်စွဲနေထိုင်နေသော စစ်ကြောင်းဖြစ်ပြီး ဂရိတ်ရွာရှိ ပြည်သူပိုင် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကြောင်းသည် ဖြစ်ကြောင်း သိရှိရသည်။

ယင်း စစ်ကြောင်းကို SAF Special Attacking Force (Upper Burma)နှင့် Taze People Comrades တပ်ဖွဲ့က ပူးပေါင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် တန့်ဆည်မြို့နယ် တောဂျင်ရွာတွင် စစ်ခွေး၁၅၀ကျော် တပ်စွဲထားလျက်ရှိပြီး ယမန်နေ့ညနေပိုင်း တောဂျင်ရွာနေအိမ်များကို လက်နက်ကြီးအချက်၃၀ကျော်ထုပြီး မီးရှို့နေခဲ့ကြောင်း၊ ရေဦး ဘက်မှ လာသော စစ်ကား၆စီးနှင့် စစ်အင်အား ၁၀၀ခန့် တန့်ဆည်မြို့နယ် ရွာသာယာရွာတွင် ရောက်ရှိနေကြောင်း၊ ကံထူးမ ရဲစခန်းသို့ ဧပြီ၂၉ရက် ညနေ၆နာရီခန့်အချိန် တန့်ဆည်ရဲစခန်းမှ ကားသေး၃စီး စစ်သားအင် အား၂၅ယောက်ခန့် အင်အားဖြည့်ထားကြောင်း၊ တန့်ဆည်မြို့နယ်တွင် လက်ရှိအခြေအနေအရ စစ်ကြောင်းနှစ်ကြောင်းရှိနေပြီး စစ်သားအင်အား၂၅၀ခန့်ရှိကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာအနီးတွင် အကြမ်း ဖက်စစ်ကောင်စီယာဉ်တန်းကို နွားထိုးကြီး PDF က ယနေ့ ဧပြီလ ၃၀ ရက် နံနက် ၈ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

“ဖြစ်စဉ်က နွားထိုး-မြစ်သား ကားလမ်း၊ ပြင်စည်ရွာအနောက်ဘက်၊ မင်းစုံတောင် ရှောက်တောရိုးကွေ့မှာ ဒီနေ့ မနက်ခင်း ၈ နာရီမှာ ပဒေသာမိုင်း ၁၄ လုံးနဲ့ ဆွဲတာ ကားပေါ်မှာ စစ်ခွေး ၁၀ ကောင်ကျော်ပါတာ ၆ ကောင်သေတယ်၊ အခု ညနေပိုင်းမှာ သဂြိုလ်နေပြီ” ဟု နွားထိုးကြီး PDF တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ ဧပြီလ ၂၇ ရက်နေ့တွင်လည်း ပြင်စည်ကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို နွားထိုးကြီး PDF က ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦး ထိမှန်ပြီး ၎င်းတို့အနက်မှ ၂ ဦးမှာ မြင်းခြံဆေးရုံတွင် သေဆုံးသွားကြောင်း နွားထိုးကြီး PDF ထံမှ သတင်းရရှိသည်။

ထို့ပြင် ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ် ပန်းလောင်မြစ်ကြောင်းတစ်လျှောက်စစ်ကြောင်းထိုးပြီးပြန်လာသောအကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)တို့ တဲ့လုရွာနှင့်တောင်ဦးရွာအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဘက်အပြန် အလှန်ပစ်ခက်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စစ်ဘက်မှ အရာရှိ(၁)ဦးအပါအဝင် (၁၀)ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။

PDF များ ပြန်လည်ဆုတ်ခွာချိန်တွင်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)မှ ရဲဘော်(၅)ဦး ထိမှန် ကျဆုံးခဲ့ပြီး (၁)ဦးဒဏ်ရာရရှိခဲ့ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်သားများ။

Photo- Getty Image

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article