32 C
Yangon

စစ်ကောင်စီ၏ အတုအယောင် သင်္ကြန်ပွဲကို ပြည်သူများ ပါဝင်ခြင်းမပြုကြရန် အင်းစိန်းထောင် နိုင်ငံရေးအကျဉ်းသားများက လူထုကို တိုက်တွန်း မေတ္တာရပ်ခံ

Must read

ရန်ကုန်၊ ဧပြီ ၁

စစ်ကောင်စီ၏ အတုအယောင် သင်္ကြန်ပွဲကို ပြည်သူများ ပါဝင်ခြင်းမပြုကြရန် အင်းစိန်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ လူထုကို တိုက်တွန်း မေတ္တာရပ်ခံသော ကြေညာချက်တစ်ရပ်ထုတ်ပြန်သည်။

မကြာမီကျရောက်လာမည့် မြန်မာသင်္ကြန်ကာလတွင် အင်းစိန်အကျဉ်းဦးစီးအပါအဝင် စစ်ကောင်စီနှင့် လက်ပါးစေများက ထောင်တွင်းထောင်ပြင် ပျော်ပွဲရွှင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း၊ စစ်ကောင်စီ အာဏာစသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ ၂၀၂၁ ခုနှစ်မှစ၍ တနိုင်ငံလုံးအတိုင်းအတာနှင့် အချုပ်အနှောင်ခံနေရချိန်တွင် ထောင်တွင်းသင်္ကြန်နှင့် နိုင်ငံနေရာအနှံ့အပြားတွင် ကျင်းပပြုလုပ်မည့် ပျော်ပွဲရွှင်ပွဲများသည် တန်ဖိုးအားဖြင့် ခြားနားခြင်းမရှိဟု မှတ်ယူကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုပျော်ပွဲရွှင်ပွဲများသည် တော်လှန်ရေးတရပ်လုံး၏ အန္တိမပန်းတိုင် မှေးမှိန်သွားစေရန် (တော်လှန်ရေးဈာန်လျှောသွားစေရန်) ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသော အတုအယောင် ပျော်ပွဲရွှင်ပွဲများဖြင့် အဓမ္မပျော်ရွှင်စေခြင်းမျိုးဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံရေးအချုပ်အနှောင်ခံများသည် ထောင်တွင်းသင်္ကြန်အား လုံးဝ (လုံးဝ) ပူးပေါင်းပါဝင်မည် မဟုတ်ပါကြောင်း ‌သဘောထားထုတ်ပြန်သည်။

တော်လှန်ရေးအင်အားစုများနှင့် ပြည်သူတရပ်လုံးအနေဖြင့်လည်း ရန်သူတို့ဖန်တီးလုပ်ယူထားသော အတုအယောင် ပျော်ပွဲရွှင်ပွဲများ၊ အတုအယောင် လူနေမှုပုံစံများတွင် ဝင်ရောက်ပူးပေါင်းခြင်း မပြုကြပါရန် တပါတည်း တိုက်တွန်းပါကြောင်း နိုင်ငံရေးအကျဉ်းသားများက ပြည်သူများကို မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article