32 C
Yangon

စစ်ကောင်စီက မှတ်ပုံတင်မပါသူများကို ဟိုတယ်၊ မိုတယ်၊ INN နှင့်တည်း ခိုခန်းတို့တွင် တည်းခိုခွင့်မပြုရန်နှင့် မှတ်ပုံတင်များ စစ်ဆေးရန် ညွှန်ကြား၊ လူငယ် ဧည့်သည်များကို အဓိကထား စောင့်ကြည့်ရန် ညွှန်ကြား

Must read

ရန်ကုန်၊ ဧပြီ ၁

အကြမ်းဖက် စစ်ကောင်စီက ဧပြီလ ၁ ရက်နေ့ နံနက် ၆ နာရီမှ စတင်၍ မှတ်ပုံတင်မပါသူများကို ဟိုတယ်၊ မိုတယ်၊ INN နှင့်တည်းခိုခန်းတို့တွင် တည်းခိုခွင့်မပြုရန်နှင့် မှတ်ပုံတင်များ စစ်ဆေးရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

ဟိုတယ်၊ မိုတယ်၊ INN နှင့် တည်းခိုခန်းများတွင် ဧပြီလ ၁ ရက်နေ့မှစတင်၍ မှတ်ပုံတင်များ စစ်ဆေး၍ တည်းခိုခွင့်ပြုရန် ၊ ထောက်ခံစာဖြင့် ခရီးသွားလာခြင်း တည်ခိုးခြင်းများကို ခွင့်မပြုရန်၊ စစ်ကောင်စီ၏ ညွှန်ကြားချက်များကို ခရီးသွားလာရေးကဏ္ဍမှ ပြည်သူများအားလုံး လိုက်နာကြရန်လည်း ဖော်ပြထားသည်။

“ဟိုတယ်တွေမှာအချိန်ပိုင်း လာတည်းသူတွေလည်း မှတ်ပုံတင်ပြရမယ်၊ မိတ္တူယူရမယ်။ အရင်က အခန်းတစ်ခန်းကို မှတ်ပုံတင် တစ်ခုဆိုရင် ရတယ်။ အခု အခန်းတစ်ခန်းမှာ နှစ်ယောက်တည်းရင်လည်း နှစ်ယောက်စလုံး မှတ်ပုံတင်ကို မိတ္တူယူရမယ်။ မှတ်ပုံတင်ကို Scan ဖတ်ပြီး ရဲ၊စစ်တပ်နဲ့ လ၀က ဆီကို ချက်ချင်း ပို့ရမယ်။ Viber တယ်လီဂရမ်ကနေ ပို့ဖို့ အဲဒါတွေလုပ်ရမယ်လို့ ထွေအုပ်နဲ့ရဲဘက်က ပြောလာတယ်” ဟု မရမ်းကုန်းမြို့နယ်မှ တည်းခိုခန်းလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ထို့ပြင် ဟိုတယ်၊ တည်းခိုခန်း၊ မိုတယ်များတွင် လာတည်းသူများအနက်မှ အသက် ၁၈ နှစ်မှ ၃၅ အကြား အမျိုးသား၊ အမျိုးသမီး လူငယ်များကို မှတ် ပုံ
တင် သေချာစွာ စစ်ဆေးရန်၊ CCTV မှတ်တမ်းများ ယူထားကြရန်၊ လူ ၅ ဦးအထက် အစုလိုက် အပြုံလိုက် တစ်အုပ်စုတည်း လာရောက် တည်းခိုမှုများကို သက်ဆိုင်ရာမြို့နယ် အာဏာပိုင်များထံ အကြောင်းကြားရန်လည်း ညွှန်ကြားထားကြောင်း သိရှိရသည်။

ပဲခူးမြို့မှ တည်းခိုခန်းလုပ်ငန်းရှင်တစ်ဦးကမူ လူငယ်များ လာရောက် တည်းခိုလျှင် PDF ဖြစ်နိုင်သည်ဆိုသော သတိ၊ အသိဖြင့် စစ်တပ်၊ ရဲနှင့်ထွေ/အုပ်အကြောင်း ကြား စောင့်ကြည့်ရန် ပြောဆိုထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article