32 C
Yangon

ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ရဲစခန်းတွင် အပြန်အလှပစ်ခတ်မှုဖြစ်၊ တောင်ငူတွင် စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်နယ်မြေရဲစခန်းကို ယနေ့ည ဧပြီလ ၁ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်အချိန်တွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး စက်သေနတ်သံများ လက်နက်ကြီးထုသံများ ကြားရကြောင်း‌ ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“မိနစ် ၂၀ လောက်ရှိတယ်။ အပြန်အလှန်ပစ်ကြတာ။ စက်သေနတ်မော်တာ တွေနဲ့ပါ ထုတာထင်တယ်။ တံခွန်တိုင်ရွာ ရဲစခန်းနားမှာ ဖြစ်နေတာ။ ပစ်တဲ့အချိန်တုန်းကတော့ အပြန်အလှန် အဆက်မပြတ်ပစ်ကြတာ။အခုတော့ ငြိမ်သွားပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်တွင် ပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးဟု ဒေသခံများက ဆိုကြသည်။

အလားတူ ဧပြီလ ၁ ရက်နေ့ နံနက်အစောပိုင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်အတွင်းသို့ လင်းအားကြီးအချိန်မှ စတင်၍ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၅၀ ခန့်ပါ စစ်ကြောင်းကို ဆိတ်မြောင်ကျေးရွာအထက်နားတွင် တောင်ငူခရိုင်တပ်ရင်း ၃၅၀၁ တပ်ခွဲ ၁ မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြိုတင်စောင့်ဆိုင်း ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ပဲခူးPDF က သတင်းထုတ်ပြန်သည်။

ထို့ပြင် ညနေပိုင်းထပ်မံစစ်ကြောင်းထိုးလာသော စစ်တပ်ကို အသင့်စောင့်ဆိုင်းနေသည့် တောင်ငူခရိုင်တပ်ရင်း ၃၅၀၁ တပ်ခွဲ ၁ မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ပဒေသာမိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်ချေမှုန်းခဲ့ကြောင်း၊ စစ်သားများ ထိခိုက်သေဆုံးမှု များပြားနိုင်ပြီး ထိခိုက်ကျဆုံးမှုအများအပြားနှင့် ဆုတ်ခွါသွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

ဓာတ်ပုံ- ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်နယ်မြေရဲစခန်း။

Photo Credit- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article