31 C
Yangon

ဖားကန့်မြို့ရှိ လျှပ်စစ်ရုံး နှစ်ရုံး ဗုံးပေါက်ကွဲမှု ဖြစ်၊ ဗန်းမော်တက္ကသိုလ်ရှေ့တွင်လည်း မိုင်းကွဲမှု ဖြစ်ပွား

Must read

ရန်ကုန်၊ ဧပြီ ၂

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဧပြီ ၁ ရက်နေ့ ည ၇ နာရီအချိန်တွင် ဖားကန့်မြို့နယ် လျှပ်စစ်ရုံးဗုံးဖောက်ခွဲ တိုက်ခိုက်ခံရသလို ည ၇ နာရီ ခွဲအချိန်တွင်လည်း ဖားကန့် ဆိုင်းတောင် လျှပ်စစ်ရုံးရှေ့တွင် ဗုံးတစ်လုံး ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှ စ၍ ကချင်လွတ်လပ်ရေးတပ်မတော် KIA က မီတာခ ကောက်ခံခွင့်ကို တားမြစ်ထားသော်လည်း ဖားကန့်မြို့တွင် ယခုရက်ပိုင်းများအတွင်း လျှပ်စစ်မီတာခများ အတင်းအကျပ်ပေးဆောင်ခိုင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက‌ ပြောကြားသည်။

အလားတူ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ဗန်းမော်တက္ကသိုလ်ရှေ့တွင်လည်း ယနေ့ မနက် ၈ နာရီအချိန်ခန့်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်မှုတစ်စုံတစ်ရာ မရှိဘဲ မိုင်းပေါက်ကွဲချိန်တွင် အကြမ်းဖက်စစ်ကောင်စီဝင်များ ကားမောင်းထွက်ပြေးသွားကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓါတ်ပုံ – ဗန်းမော်တက္ကသိုလ်အရှေ့မိုင်းကွဲမှု
Photo Credit – ၂၁ လူငယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article