35 C
Yangon

ဘားအံမြို့နယ်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၆၀၀၀ ကျော် အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဧပြီ ၂၂

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၆၀၀၀ ကျော် အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက သတင်းထုတ် ပြန် သည်။

ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများကို အာဏာသိမ်းစစ်ကောင်စီတပ်က မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် ဒေသခံ ၆,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် ဘားအံမြို့နယ်၊ ဟတ္တလိုက်ကျေးရွာအုပ်စုအတွင်းသို့ ၁၂၂ မမ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ရာ တလိုင်းကရင်ကျေးရွာမှ အပြစ်မဲ့ပြည်သူတစ်ဦး ဗုံးစထိမှန် သေဆုံးသွားခဲ့သည်။ ထို့ပြင် အခြားပြည်သူတစ်ဦးလည်း လက်နက်ကြီးကျည်စထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး နွားတစ်ကောင် သေဆုံးကာ နေအိမ်နှင့် ဆိုင်ကယ်များ ပျက်စီးခဲ့ရသည်။

ဧပြီလ ၁၆ ရက်နေ့တွင်လည်း ဂျက်ဖိုက်တာတိုက်လေယာဉ်ဖြင့် ဘားအံမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စုအတွင်းသို့ Cluster ဗုံးသီးများ ကြဲချခဲ့သည့်အပြင်၊ အမှတ် (၂၀၂) တပ်ရင်းကလည်း လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့သဖြင့် ပြည်သူ့နေအိမ်များနှင့် ရော်ဘာစိုက်ခင်းများ ထိခိုက်ပျက်စီးခဲ့ရသည်။

လူနေကျေးရွာများကို ပစ်မှတ်ထားသည့် ယင်းတိုက်ခိုက်မှုများကြောင့် ဘားအံမြို့နယ်၊ ဟတ္တလိုက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၁၀ ရွာမှ အိမ်ခြေ ၈၈၀ ခန့်၊ စုစုပေါင်း လူဦးရေ ၆,၂၈၆ ဦးသည် အသက်ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ် အကူအညီလိုအပ်နေကြောင်း သိရှိရသည်။ရန်ကုန်၊ ဧပြီ ၂၂

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၆၀၀၀ ကျော် အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက သတင်းထုတ် ပြန် သည်။

ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများကို အာဏာသိမ်းစစ်ကောင်စီတပ်က မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် ဒေသခံ ၆,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် ဘားအံမြို့နယ်၊ ဟတ္တလိုက်ကျေးရွာအုပ်စုအတွင်းသို့ ၁၂၂ မမ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ရာ တလိုင်းကရင်ကျေးရွာမှ အပြစ်မဲ့ပြည်သူတစ်ဦး ဗုံးစထိမှန် သေဆုံးသွားခဲ့သည်။ ထို့ပြင် အခြားပြည်သူတစ်ဦးလည်း လက်နက်ကြီးကျည်စထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး နွားတစ်ကောင် သေဆုံးကာ နေအိမ်နှင့် ဆိုင်ကယ်များ ပျက်စီးခဲ့ရသည်။

ဧပြီလ ၁၆ ရက်နေ့တွင်လည်း ဂျက်ဖိုက်တာတိုက်လေယာဉ်ဖြင့် ဘားအံမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စုအတွင်းသို့ Cluster ဗုံးသီးများ ကြဲချခဲ့သည့်အပြင်၊ အမှတ် (၂၀၂) တပ်ရင်းကလည်း လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့သဖြင့် ပြည်သူ့နေအိမ်များနှင့် ရော်ဘာစိုက်ခင်းများ ထိခိုက်ပျက်စီးခဲ့ရသည်။

လူနေကျေးရွာများကို ပစ်မှတ်ထားသည့် ယင်းတိုက်ခိုက်မှုများကြောင့် ဘားအံမြို့နယ်၊ ဟတ္တလိုက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၁၀ ရွာမှ အိမ်ခြေ ၈၈၀ ခန့်၊ စုစုပေါင်း လူဦးရေ ၆,၂၈၆ ဦးသည် အသက်ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ် အကူအညီလိုအပ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article