25 C
Yangon

စစ်တပ်က နှောင့်ယှက်နေသဖြင့် တင်းမာမှုရှိလာပြီး တိုက်ပွဲဖြစ်လာနိုင်ဟု AA ပြော၊ ရခိုင်ပြည်တွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖန်တီးနေ၍ မပေါ့ဆရန် AA သတိပေး

Must read

ရန်ကုန်၊ ဧပြီ ၅

ULA/AA ရဲ့ ရခိုင်ပြည်နယ်အတွင်း လုပ်ဆောင်နေတဲ့ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးအပိုင်းတွေမှာ စစ်ကောင်စီက နှောင့်ယှက်မှုတွေကြောင့် တင်းမာမှုရှိလာပြီး တိုက်ပွဲဖြစ်နိုင်တယ်လို့ ရက္ခိုင်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ကပြောပါတယ်။

ဒီကနေ့ဧပြီ ၅ ရက်နေ့မှာ ပြုလုပ်တဲ့ ULA/AA ၏သတင်းစာရှင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

AA အနေဖြင့် အုပ်ချုပ်ရေးတရာစီရင်ရေးတွေလုပ်ကိုင်ရာမှာ ဒေသအတွင်းမှာအတိုင်းအတာတစ်ခု ထိတည်ငြိမ် အေးချမ်းနေတယ်လို့ဆိုပါတယ်။

ဒီလိုဘာသာရေး၊ လူမျိုးရေး စည်းလုံးညီညွတ်နေတာကို စစ်ကောင်စီအနေနဲ့ အလွန်အမင်းစိုးရိမ်မှုတွေ ရှိနေတယ်လို့ ဦးခိုင်သုခကပြောပါတယ်။

ဒါအပြင် စစ်ကောင်စီဟာ ရခိုင်ပြည်သူ့အုပ်ချုပ် ရေးလုပ်ဆောင်ရာမှာ နည်းမျိုးစုံနဲ့ နှောင့်ယှက်မှုတွေ တလျှောက် လုပ်လာနေတယ်လို့ ဦးခိုင်သုခကပြောပါတယ်။ ဒီလိုနှောင့်ယှက်မှုတွေကြောင့်ULA/AAနဲ့ စစ်ကောင်စီ တင်းမာမှု တချို့ရှိလာတယ်လို့ ဆိုပါတယ်။

စစ်ဖြစ်လာ ဖို့ဆိုတာကတော့ စစ်ကောင်စီရဲ့ လှုပ်ရှားမှုပေါ်မှာ အများကြီးမူတည် နေတယ်လို့ ဦးခိုင်သုခကပြောပါတယ်။

ULA/AAအနေနဲ့ ဘယ်သူတွေဘယ်လို ကန့်ကွက်ကန့်ကွက် အာရခနိုင်ငံနဲ့ အာရခပြည်သူတို့အကျိုးကို ဦးထိပ်ထားပြီး မိမိတို့ချမှတ်ထားတဲ့ ရက္ခိတလမ်းစဉ်အတိုင်း တသွေမတိမ်းဆက်လက်ချီတက်နေတယ်လို့ ဦးခိုင်သုခကပြောပါတယ်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှစလို ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာတွေကို လက်ခံဖြေရှင်းပေးမှုရှိခဲ့ပြီး ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီ တရားစီရင်မှု ဌာနတွေ ထက် ULA တရားရေးဌာနတွေကို သာ ပိုမိုတိုင်တန်းမှုရှိကြတယ်လို့ဆိုပါတယ်။

လက်ရှိတွင် စစ်ကောင်စီဘက်မှ ULA ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးပိုင်းတို့အား နှောင့်ယှက်မှုရှိလာခြင်းမှာ လက်ရှိအခြေအနေကို မတည်ငြိမ်အောင်လုပ်ရာရောက်နေပြီး နှစ်ဖက်ယုံကြည်မှုကိုလည်း ပျက်ပြားစေနိုင်တယ်လို့ ရက္ခိုင်တပ်တော်ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

ကျောက်ဖြူ ရမ်းဗြဲနဲ့ တောင်ကုတ်ဖက်တွေမှာ စစ်ကောင်စီက ULA နဲ့ပတ် သက်ပြီး ဝင်ရောက်ရှာဖွေတာတွေ၊ ဒေသခံတွေကို ULA တရားရုံးမှာတိုင်ရင် အရေးယူမယ်။ သူတို့ဆီမှာပဲလာတိုင်ရမယ်လို့ ခြိမ်းခြောက်တာမျိုးရှိတယ်လို့ ဦးခိုင်သုခကပြောပါတယ်။

ပြီးခဲ့သည့် မတ်လအတွင်းက စစ်ကောင်စီတပ်သားတွေက ပုဏ္ဏားကျွန်း မြို့နယ်များဖက်မှာ လှုပ်ရှားမှုတစ်ချို့ရှိခဲ့ပြီး ကျောက်ဖြူမြို့နယ်ဖက်မှာ လည်း စစ်ကား အစီးရေ ၄၀ ခန့်နဲ့ ဇင်းချောင်း-လေးတောင် ကားလမ်းဖက်ရှိ ကျေးရွာတွေက ဒေသခံတွေကို မေးမြန်းမှုတစ်ချို့ပြုလုပ်ခဲ့တာတွေရှိတယ်လို့ဆိုပါတယ်။

စစ်ကောင်စီမှ ပြည်နယ်အတွင်း မတူညီတဲ့ လူ့အသိုင်းအဝိုင်းများကြားမှာလည်း ပြဿနာများဖန်တီးမှုတို့ရှိနေတဲ့ အတွက် အာရက္ခပြည်သူများအနေနဲ့ နိုင်ငံရေးအသိ၊ စစ်ရေးအသိမပေါ့ကြဖို့ ခိုင်သုခကပြောပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article