25 C
Yangon

ယင်းမာပင်၊ ဘန့်ဘွေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို PDF များဝင်တိုက်၊ စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးနိုင်၊ စစ်ကူလာသော စစ်ကား ၂ စီး ကို ကြားဖြတ်မိုင်းဆွဲ

Must read

ရန်ကုန်၊ ဧပြီ ၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမကျေးရွာတွင် ဝင်ရောက် စခန်းချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ကို Kani-PDF ကျောက်လုံးကြီး နှင့် မဟာမိတ်တပ်ဖွဲ့များက ယနေ့ ဧပြီလ ၅ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၄ ဦးခန့် သေဆုံးနိုင်ကြောင်း သတင်းရရှိသည်။

အဆိုပါ ဘန့်ဘွေးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစာထီးများ ပူးပေါင်းအင်အားမှာ ၁၀၀ ခန့်ရှိကြောင်း၊ ယနေ့ နံနက် ၄ နာရီခန့် ဝင်ရောက်တိုက်ခိုက်ရာတွင် ၄ ဦးခန့် သေဆုံးနိုင်ကြောင်း၊ တိုက်ပွဲတွင် PDF ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့ကြောင်း Kani-PDF ကျောက်လုံးကြီး တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယင်းနောက် ဘန့်ဘွေးရွာမသို့ စစ်ကူသွားသော ခွေးကားနှစ်စီးကို နံနက် ၁၀ နာရီခန့်အချိန်တွင် “ချိုမိုင်မိုင်” ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အထိအခိုက်အကျအဆုံးသတင်း မသိရှိရသေးကြောင်း သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီစစ်ကားများ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article