ရန်ကုန်၊ ဧပြီ ၈
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လူစည်ကားသော စျေးတစ်ခုတွင် ဖက်ဆစ်သင်္ကြန် တို့လက်မခံ ကြွေးကြော်သံဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ချီတက်သပိတ်မှောက်ကြသည်။
မြန်မာ့အတာသင်္ကြန်ပွဲတော်ကို ပျော်ပွဲရွှင်ပွဲများအနေဖြင့် မကျင်းပဘဲ အာဏာရှင်ကိုတော်လှန်နေမယ့်တော်လှန်င်္သကြန်တွင်သာပါဝင်ပေးကြရန်၊ စစ်ကောင်စီ၏ ရေကစားမဏ္ဍပ်များတွင် သွားရောက်ပြီးရေမကစားကြရန်၊ အာဏာရှင်တော်လှန်ရေးတွင် ပြည်သူလူထုတစ်ရပ်လုံးပူပေါင်းပါဝင်ပေးကြရန် မုံရွာတက္ကသိုလ်ကျောင်း သားများသမဂ္ဂက တိုက်တွန်းနှိုးဆော်ထားသည်။



