25 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၈ ရက်နေ့ ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၈ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– မန္တလေးတိုင်း၊ မိတ္တီလာမြို့၊ စစ်ကောင်စီ လေတပ်က ဒုတပ်ကြပ် စိုးဟိန်းဖြိုးနဲ့ဇနီးကို ကင်းလှည့်စ စ်သားတွေက သေနတ်နဲ့ပစ်ခတ်ပြီး ၊ ကြည်းတပ်- တပ်နယ်မှူး က လေတပ်/ဌာနချုပ်မှူးကို တောင်း ပန်ပြီး PDF က ပစ်ခတ်တာဆိုပြီး ညှိနှိုင်းလိမ်လည်ခိုင်းတယ်လို့ တပ်သတင်းအရင်းမြစ်ကနေ သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ပေါ်မှာရှိတဲ့ ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မနေ့က ည ၁၁ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၊ ဒီကနေ့ မနက်ပိုင်းမှာတော့ အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ပင်လည်ဘူးမြို့ပေါ်ကို ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

– စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တန့်ဆည်-ရေဦးလမ်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ကို Phoenix Defense Force – TAZE က ဒီကနေ့ မနက် ၉ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

– မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့တောင်ပိုင်း၊ ကျောင်းကုန်းရွာကို ဧပြီလ ၇ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင် လောက်မှာ စစ်ကောင်စီတပ်သား နဲ့ ပျူစောထီးတွေဟာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ် ဝင်ရောက် စီးနင်းပြီး ပြည်သူ့နေအိမ်တွေ အပါဝင် ပစ္စည်းတွေကို မီးရှို့ ဖျက်ဆီးခဲ့ တဲ့သတင်းနဲ့ နောက်ဆုံး ရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article