25 C
Yangon

ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်အနီး စစ်ကားနှင့်ဘန်ကာကို ဗုံးခွဲတိုက်ခိုက်၊ ပြည်သူများ အကြမ်းဖက်စစ်ကောင်စီ၏ သင်္ကြန်မပါဝင်ကြရန် နှိုးဆော်

Must read

ရန်ကုန်၊ ဧပြီ ၈

ရန်ကုန်မြို့လယ်ခေါင် မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်အနီး စစ်ကားနှင့်ဘန်ကာကို ယနေ့ ညနေ ၄ နာရီ ၁၇ မိနစ်အချိန်တွင် Dark Shadow(YGN) အဖွဲ့ က ဗုံးခွဲတိုက် ခိုက်ကြောင်း အဆိုပါအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ဧပြီလ၈ ရက်နေ့ ညနေ၄ နာရီ ၁၇ မိနစ်အချိန်တွင် ကျောက်တံတားမြို့နယ် ၊မဟာဗန္ဓုလလမ်းမပေါ်ရှိ ဆူးလေမြို့တော်ခန်းရှေ့ရှိ၊ ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်အနီး စစ်ကောင်စီထောက်ပို့ကားများနှင့်ဘန်ကာအနီးကို ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပျောက်ကြား Dark shadow (YGN)က ပြောသည်။

“သူတို့တွေ ခုတော့လမ်းတွေပိတ်လိုက်ပြီ။ ဗုံးထိတော့ ရှိမယ်” ဟု တော်လှန် ရေး ရဲဘော်တစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက လူမဆန်စွာပြည်သူများအပေါ်မတရားဖမ်းဆီးသတ်ဖြတ်နေချိန်တွင် ပြည်သူများအနေဖြင့် စစ်ကောင်စီရဲ့ပျော်ပွဲရွှင်ပွဲများအားပါဝင်ခြင်းမပြုလုပ်ကျပါရန်နှင့် ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားပိုမိုကောင်းမွန်စေရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မြို့ပြပျောက်ကြားတပ်ဖွဲ့များကို ပံ့ပိုးကူညီကြရန်၊ စစ်ကောင်စီဒေါက်တိုင်အဖွဲ့အစည်းများ၊ဘန်ကာများနှင့် သက်ဆိုင်ရာအဆောက်အဦးများနှင့်ဝေးဝေးမှရှောင်ရှားသွားလာကြရန် Dark shadow က မေတ္တာရပ်ခံတိုက်တွန်းထားသည်။

ဓာတ်ပုံ- ယနေ့ ညနေ ရန်ကုန်မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်အနီး ဗုံးပေါက်ကွဲမှု မြင်ကွင်း။

Photo-CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article