25 C
Yangon

ရန်ကုန်ပြည်သူများက သင်္ကြန်အကြတ်နေ့တွင် စစ်ကောင်စီသင်္ကြန်ကို ဆက်လက်သပိတ်မှောက်၊ မြို့တော်ခန်းမရှေ့ရှိ ရေပက်ခံကားများမှာ စည်ပင်ကားများအဖြစ် ကညနတွင်မှတ်ပုံတင်ထား၊ ကျိုက်၀ိုင်းလူငယ်သင်တန်းကျောင်းမှ မိဘမဲ့ ကလေး ၅၀ ကို ရေပက်ခံရန်နှင့်ရေပက်ရန် မြို့တော်ခန်းမကို ခေါ်ယူ

Must read

ရန်ကုန်၊ ဧပြီ ၁၅

ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် ရန်ကုန်ပြည်သူများက စစ်ကောင်စီက ဦးစီးကျင်းပသည့် သင်္ကြန်တွင် ပါဝင်ခြင်းမပြုဘဲ ဆက်လက် သပိတ်မှောက်ကြပြီး တော်လှန်သင်္ကြန်ဆင်နွှဲနေသဖြင့် ရန်ကုန်မြို့တော်ကြီးမှာ ဆက်လက် ဆက် တိတ်ဆိတ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဒီနေ့တော့ နေ့လယ် ၁၂ ကျော်လောက်မှာ အပြင်ရောက်တယ်။ လူကတော့ မရှိဘူး။ ကားလည်းမရှိဘူး။ နေရာတိုင်းမှာ သီချင်းဖွင့်သံလည်းမကြားရဘူး။ အကုန်တိတ်ဆိတ်နေပါတယ်” ဟု တက္ကစီသမားတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယနေ့ ကျိုက်၀ိုင်းလူငယ်သင်တန်းကျောင်းမှ ကြီးကောင်ဝင်နေပြီဖြစ်သော ယောင်္ကျားလေး ၅၀ ကို ခေါ်ယူထားပြီး ရေပက်ခံခိုင်းခြင်းနှင့် ရေကစားခြင်းများ ပြုလုပ်စေသည်ဟု သိရှိရသည်။

“မိဘမဲ့ကျောင်းက ကလေး ၅၀ ကို မနက် ၇ နာရီကတည်းက ခေါ်ထားတယ်။ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းကပါ။ မဖြစ်မနေ လာရမယ်ဆိုပြီး ခေါ်တာပါ” ဟု လူမှုဝန်ထမ်းမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ မြို့တော်ခန်းမ သင်္ကြန်မဏ္ဍပ်တွင် ရေပက်ခံနေသည့်ကားများ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် ကားများဖြစ်ပြီး ကညနတွင် စည်ပင်နာမည်ဖြင့် မှတ်ပုံတင်ထားသည့်ကားများဖြစ်ကြောင်း သိရှိရသည်။

စည်ပင်ဖောကားများအပြင် ဟိုက်ဂျက်ကားနှင့်ဆူဇီကီးကားများဖြစ်ကြသည့် 5P/6005 ၊ 2G/3512 ၊ ဖောကားအဖြူ 6Q/5074 အပါအဝင် ကားအားလုံးမှာ စည်ပင်ပိုင်ကားများဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article