24.9 C
Yangon

မုံရွာနှင့် ထီးချိုင့်တွင် စစ်ကောင်စီ စစ်ကားများ မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သားများ ထိခိုက်သေဆုံးမှုရှိ၊ ထီလင်းတွင် သေနတ်ဒဏ်ရာဖြင့် ထွက်ပြေး သွားသော အကြမ်းဖက် စစ်တပ်က ဗိုလ်ကြီး နေလင်းအောင် ရုပ်အလောင်း ပြန်တွေ့

Must read

ရန်ကုန်၊ ဧပြီ ၁၅

စစ်ကိုင်းတိုင်း မုံရွာမြို့ ပြည်ထောင်စုလမ်းမပေါ်ရှိ ကန်သာယာထောင့်တွင် စစ်ဆေးရေး ပြုလုပ်ရန် ရောက်လာသည့် စစ်ကားကို မြို့ပြပျောက်ကြား တပ်ဖွဲ့ ၂ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း Generation Defense Force ပျောက်ကြား တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ စစ်ကားကို ပျောက်ကြား တပ်ဖွဲ့ ၂ဖွဲ့ဖြစ်သော Generation Defense Force (GDF) နှင့် Kani Army (KNA)တို့က ဖောက်ခွဲ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့တွင် ဧပြီလ ၁၅ ရက်နေ့ နံနက် ၆နာရီ ဝန်းကျင်ခန့်က မောင်းကုန်းမှ ကြံကားများဖြင့် လိုက်ပါလာသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို တုံလုံ သင်္ချိုင်းအနီးတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည် မပြုနိုင်သေးကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ လိုက်ပါလာသည့် ကြံကား များကို ကိုးတောင်ကျား အဖွဲ့၊ မိုးညိုအဖွဲ့နှင့် Special.9-HPDFအဖွဲ့တို့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားများ သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

မကွေးတိုင်း ထီးလင်းမြို့တွင် ဧပြီ ၁၃ ရက်နေ့၌ ဒေသခံ PDF တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင် သေနတ်ကျည် ပေါင်းကို ထိမှန်ကာ ထွက်ပြေးသွားသည့် ဗိုလ်ကြီး နေလင်းအောင် ရုပ်အ လောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

အဆိုပါ ရုပ်လောင်းကို ယနေ့ ဧပြီလ ၁၅ ရက်တွင် ပြန်လည် တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး ထီးလင်း ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကာ နံနက် ၁၀ နာရီခန့်တွင် မီးသဂြိုလ်ခဲ့ကြောင်း သိရသည်။

Photo – Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article