25 C
Yangon

ဝက်လက်တွင် ရေကြောင်း ရဲကင်းရုံး PDF ဝင်တိုက်မှု ရဲ ၂ ဦး သေဆုံးပြီး သေ နတ်၂ လက်ဖြင့် ရဲ ၃ဦးဖမ်းမိ၊ ဖမ်းမိသူ ရဲ ၃ ဦးလုံး ဒဏ်ရာများနှင့်သေဆုံး၊ မြောင်တွင်လည်း မြို့နယ် ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်မှု ရဲသေဆုံးမှုများနိုင်

Must read

ရန်ကုန်၊ ဧပြီ ၁၆

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အင်ဒေါင်း ကျေးရွာအနီးရှိ ရေကြောင်းရဲကင်းရုံးကို တောကြီးမြွေပွေး ပျောက်ကြားတပ်ဖွဲ့မှ ဦးဆောင်ကာ ဧပြီလ ၁၅ ရက်နေ့ ည၈နာရီ ၂ဝ မိနစ်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲ၂ ဦးသေဆုံးကာ ၃ ဦး အရှင်ဖမ်းမိပြီး သေနတ် ၂လက် သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ ရေကြောင်းရဲကင်းရုံးမှ ဒုရဲအုပ် သူရထွန်း၊ ဒုတပ်ကြပ် အောင်ပြည်စိုးနှင့် တပ်သား ကျော်ဇင်ဟိန်းတို့ကို တောကြီးမြွေပွေး ပျောက်ကြားတပ်ဖွဲ့ကအရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ G -2၊ G -3 သေနတ်နှင့် ကျည်ဆန် တချို့ပါ သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့နောက်ဖမ်းဆီးထားသူများလည်း ဒဏ်ရာများနှင့်သေဆုံးကြောင်း တောကြီးမြွေပွေး ပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရဲစခန်းတွင် ဒုစခန်းမှုး စည်သူလွင်၏ မွေးနေ့အား ဆောင်းဘောက်များ ဖွင့်ပြီး မူးရူး ကခုန်နေသည့် ရဲများကို ဧပြီလ ၁၅ ရက်နေ့ ညနေ ၅နာရီ ၂ဝ မိနစ်ခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOMထံမှ သိရသည်။

အဆိုပါ ရဲစခန်းကို မြောင်မြိုနယ် ပကဖအဖွဲဝင် ကိုနွေဦး (အင်အားစုဖွဲရေးနှင့် လေ့ကျင့်ရေးတာဝန်ခံ) ဦးဆောင်သည့် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM၊ စစ်ကိုင်းခရိုင် တပ်ရင်း 1+2 တပ်ခွဲ (3)တပ်ရင်းမှူး ကိုတိုက်ဂါး-MUA ပြည်သူ့တပ်မတော်(မြောင်)၊ PDF-TALOKE (မြင်းခြံခရိုင်တပ်ရင်း-၂) တပ်ရင်းမှုး ဆရာသကြား၊ ဒေါင်းစစ်သည်အဖွဲ့၊ မြင်းမူမြိုပြတော်လှန်ရေးအဖွဲ – CRF (Myinmu) နှင့် M2W တပ်ရင်းမှူး မင်းယက္ခ တို့က ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးကမူ ရဲများစုရုံးနေစဉ်အတွင်း အီနာဂါဖြင့် ပစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက် လဲကျသူကျ၊ ကုန်းထသူထနှင့်အော်ဟစ်ပြေးလွှား ဝရုန်းသုန်းကားဖြစ်ခဲ့ကြောင်း၊ ဒဏ်ရာရ သေဆုံးသူတိုကို ဆေးရုံပိုဆောင်ခြင်းမရှိခဲ့ပဲ သတင်းအမှောင်ချခဲ့လို ထိခိုက်ဒဏ်ရာရစာရင်း သိရှိရခြင်းမရှိကြောင်း ရေးသားထုတ်ပြန်ထားသည်။

ဓာတ်ပုံ-‌ဝက်လက်တွင် အရှင်ဖမ်းမိသေ ာဒုရဲအုပ် သူရထွန်း၊ ဒုတပ်ကြပ် အောင်ပြည်စိုးနှင့် တပ်သား ကျော်ဇင်ဟိန်မှာလည်း ရရှိဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article