ရန်ကုန်၊ ဧပြီ ၁၇
အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ပြည်သူများသည် ယနေ့ ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့တွင် ၄၃၄ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ဆန္ဒပြကြသည်။
ကလေးမြို့ရှိ တော်လှန်ပြည်သူများသည် သပြေပန်းများကိုင်ဆောင်ပြီး နှစ်သစ်တွင် အကြမ်းဖက် ဖက်ဆစ်မိစ္ဆာများကို သံပုံးတီးကာ မောင်းထုတ်ဆန္ဒပြကြသည်။