26 C
Yangon

Breaking News- နှစ်ဆန်းတစ်ရက်နေ့ မုံရွာပင်မသပိတ်စစ်ကြောင်း ချီတက်စဉ် စစ်တပ်နှင့်ပျူစောထီးများက PDF များကို ဝင်ပစ်၊ PDF ၅ ဦးကျဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၇

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးကားလမ်းမကြီးပေါ်တွင် မုံရွာ ပင်မသပိတ်စစ် ကြောင်းက ဦးဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး သပိတ်စစ်ကြောင်း ယနေ့ ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့တွင် ချီတက်ဆန္ဒပြကြစဉ်စစ်တပ်နှင့်ပျူစောထီးက PDF များကို ဝင်ရောက်ပစ်ခတ်ပြီး PDF ၅ ဦးကျဆုံးကြောင်း PDF သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ နံနက်ပိုင်း မုံရွာပင်မသပိတ်စစ်ကြောင်း ချီတက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လမ်းဘေး ဝဲယာမှ လုံခြုံရေးယူပေးထားကြောင်း၊ သပိတ်စစ်ကြောင်း ချီတက်ချိန်တွင် စစ်တပ်နှင့်ပျူစောထီးများက PDF များကို အလစ်အငိုက် ဝင်တိုက်ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ ပစ်ခတ်မှုဖြစ်စဉ်အတွင်း PDF ၅ ဦးကျဆုံးကြောင်း PDF သတင်းရင်းမြစ်က ပြောဆိုသည်။

“သပိတ်စစ်ကြောင်းတစ်ဖက်ကဖြစ်နေတဲ့အချိန်မှာ တစ်ဖက်က လမ်းကိုကင်းစောင့်ပေးနေတဲ့ PDF လေးတွေကို စစ်ခွေး၊ ပျုတွေနဲ့အပြန်လှန်ဖြစ်ကြတယ်။ တောပုကျေးရွာက ပျုတွေလို့ သတင်းရပါတယ်။ သပိတ်စစ် ကြောင်းရှိတော့ လမ်းတလျှောက် ၃ ယောက်အုပ်စု ၄ ယောက်အုပ်စုလေးတွေ စောင့်ပေးနေတဲ့PDF အဖွဲ့ပါ” ဟု ဒေသကာကွယ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article