25 C
Yangon

ကရင်နီတွင် တပ်မ (၆၆)၊ ခမရ (၁၀၈) မှ တပ်ရင်းမှူး ဝင်းထိုက်စိုး မိုင်းဆွဲခံရပြီး အပြင်းအထန် ဒဏ်ရာရကာ သေဆုံးနိုင်

Must read

ရန်ကုန်၊ ဧပြီ ၁၇

ကရင်နီပြည်နယ်တွင် နယ်မြေကျူးကျော် ထိုးစစ်ဆင်နေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၆၆)၊ ခမရ (၁၀၈) မှ တပ်ရင်းမှူး ဝင်းထိုက်စိုး ဦးဆောင်သောစစ်ကြောင်းကို ကရင်နီပူးပေါင်းအဖွဲ့က ဧပြီလ ၁၄ ရက်နေ့တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး တပ်ရင်းမှူး ဝင်းထိုက်စိုး အပြင်းအထန် ဒဏ်ရာရ၍ လွိုင်ကော်စစ်ဆေးရုံတွင် ဆေးကုသနေကြောင်း၊ ဒဏ်ရာပြင်းထန်၍ သေဆုံးနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်သည်။

တပ်ရင်းမှူး ဝင်းထိုက်စိုး ဦးဆောင်သော စစ်ကြောင်းသည် ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာနှင့် နန်းဖဲကျေးရွာကြားတွင် မိုင်းဆွဲခံရခြင်းဖြစ်ပြီး ၄ ဦးသေဆုံးကာ ဝင်းထိုက်စိုးအပါအဝင် ၃ ဦး ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ကရင်နီပူးပေါင်းအဖွဲ့မှ ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article