ရန်ကုန်၊ ဧပြီ ၁၇
ဧပြီလ ၁၇ ရက်နေ့သည် မြန်မာလူမျိုးတွေအတွက် နေ့ထူးနေ့မြတ်နှစ်ဆန်းတစ်ရက်နေ့ဖြစ်သကဲ့သို့ ခရစ်ယာန် ဘာသာဝင်များ၏ နေ့ထူးနေ့မြတ် Easter Sunday နှင့် တိုက်ဆိုက်နေသည်။
▫️ထိုကဲ့သို့ ထူးမြတ်သောနေ့မှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ များမှပြည်သူများနှင့်အတူ စစ်ရှောင်နေရ၍ Easter Egg Day ကျင်းပခွင့်မရသော တိုင်းရင်းသားညီအစ်ကို မောင်နှမ လူမျိုးစုတို့ ကိုယ်စား ရန်ကုန်လူထုသပိတ်က ပူးပေါင်းပါဝင်ကာ ‘ဖက်ထရယ် ဒီမိုကရေစီ ရရှိရေး’ ‘စစ်အာဏာရှင် ကျဆုံးရေး’ ‘စစ်ဘေးရှောင်ပြည်သူတွေ အတွက် ဆုတောင်းပွဲ’ နှင့် တော်လှန်ရေးတွင် ပြည်သူများပါဝင်လာစေရန် လှုံ့ဆော်သောစာသားများ ရေးသားပြီး Easter Eggs Strike Campaign လှုပ်ရှားမှုကိုပြုလုပ်ကြသည်။



