25 C
Yangon

မန္တလေး ခလရ ၉၅ တပ်ရင်းနှင့် ပလစ (၂)တို့ကို ရှော့ခ်တိုက်ဒုန်းများဖြင့် ပစ်ခတ် ၊ မန္တလေးတိုင်း တရား လွတ်တော်ရုံးလည်း ပစ်ခတ်ခံရပြီး ရဲ ၁ ဦး ဒဏ်ရာရ၊ ခင်ဦးတွင် စစ်ကား ၄စီး မိုင်းဆွဲ တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ ဧပြီ ၁၇

မန္တလေးတိုင်း အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ လပခ လက်အောက် ခံ ခလရ ၉၅တပ်ရင်းနှင့် အမရပူရမြို့နယ် ပလစ(၂) တပ်တို့ကို ယနေ့ ဧပြီလ ၁၇ ရက်နေ့ နံနက် အစောပိုင်းတွင် မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်မတော်က ရှော့တိုက် ဒုန်းများဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်သားများ ထိခိုက် သေ ဆုံး မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း မန္တလေး ပြည်သူ့ကာကွယ် ရေး တပ်မတော်ထံမှ သိရသည်။

မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်သည် မန္တလေးတိုင်းအတွင်း စစ်ဆင်ရေး ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး စစ်ရေး သတင်း လုံခြုံရေး အ ခြေ အနေများကြောင့် ထုတ်ပြန်ကြေညာခြင်း မရှိသော် လည်း ပြည်သူလူထုအား အမြဲတစေ ခြိမ်းခြောက် ရန်ပြုနေသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် တပ်စွဲထားသော နေရာများ ဌာနများကို နေ့စဉ် ချေမှုန်း တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားသည်။

အလားတူ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ် (၁) ရပ်ကွက်၊ (၆၈) လမ်း၊ (၁၀၄ × ၁၀၅) လမ်း ကြားရှိ တိုင်း တရား လွတ်တော်ရုံးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ယနေ့ ဧပြီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၃ဝမိနစ်ခန့်တွင် People’s Guerrilla Commando – Mandalay (PGC – MDY) က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရဲ ၁ဦး ထိမှန် ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ခင်ဦးမြို့ပေါ်မှ ထွက်လာသော စစ်ကား ၄စီးကို Armed Revolutionary Force – ARF တပ်ဖွဲ့က ဧပြီလ ၁၆ ရက်နေ့ ညနေ ၃နာရီ ၃ဝမိနစ်ခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကား ၁စီး ထိမှန်ကာ စစ်သားများ ထိခိုက် သေဆုံးမှု အခြေအနေအကို အတည်မပြုနိုင်သေးကြောင်း AFR တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-မန္တလေး ခလရ ၉၅ တပ်ရင်းအဝင်အ၀။(ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article