25 C
Yangon

ပေါက်မြို့နယ်၊ ကင်းမရွာကို စစ်တပ်က တတိယအကြိမ်မြောက် မီးတင်ရှို့

Must read

ရန်ကုန်၊ ဧပြီ ၁၈

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်တောင်ပိုင်း ကင်းမရွာကို အကြမ်းဖက် စစ်ကောင်စီဝင် ရဲနှင့် ပျူစောထီးများ ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ်ကို မီးတင်ရှို့နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

“၁၂ နာရီခွဲလောက်ကတည်းက ဝင်လာပြီး မီးတင်ရှို့နေတာ ။ အခု ဝင်ရှို့တာ တတတိယ အကြိမ်မြောက်ရှို့တာ။ အရင်တုန်းကလည်း အိမ်ခြေ ၄၀၀ ကျော်လောက် လောင်ပြီးသွားပြီ။ အခု အိမ်ခြေ ၅၀ လောက် ကျန်တာကို မီးရှို့နေတယ်” ဟု ဒေသခံ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီဝင်များသည် ကင်းမရွာကို မီးတင်ရှို့နေသည်မှာ အနီးအနားတွင် တိုက်ပွဲများ ဖြစ်ပွားနေမှု မရှိဘဲ ကင်းမရွာအနီးတွင် မိုင်းခွဲခံရပြီးနောက် ရွာကို တမင် မီးလာရှို့ခြင်းဖြစ်ကြောင်း၊ မနက်ခင်းပိုင်းတွင် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည့်အတွက် အကြမ်းဖက်စစ်ကောင်စီများ ဝင်ရောက်လာသည်ကို မသိရဘဲ အနီးနားရောက်မှသာ သိရှိ ထွက်ပြေးရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကင်းမရွာကို လက်ရှိအချိန်အထိ အကြမ်းဖက် စစ်ကောင်စီဝင် ရဲနှင့် ပျူစောထီးများက မီးတင်ရှို့နေဆဲ ဖြစ်သည်။

ဓာတ်ပုံ- ယနေ့ ကင်းမရွာကို စစ်တပ်က မီးရှို့နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article