25 C
Yangon

အမှတ် ၁၇ တပ်ရင်းမှ တပ်သား အောင်ကျော်ဦးကို စိတ်ကြွမူးယစ်ဆေး WYဆေးပြားများနှင့်အတူ PDF က ဖမ်းဆီးရမိ၊ စစ်တပ်အရာရှိများကိုယ်တိုင် စိတ်ကြွမူးယစ်ဆေးများ သုံးစွဲရောင်းဝယ်ဖြန့်ဖြူး

Must read

ရန်ကုန်၊ ဧပြီ ၁၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူကျေးရွာတွင် အမှတ် ၁၇ တပ်ရင်းမှ တပ်သား အောင်ကျော်ဦးကို စိတ်ကြွမူးယစ်ဆေး WYဆေးပြားများနှင့်အတူ PDF က ဖမ်းဆီးရမိကြောင်း Tanintharyi Defense Forceက သတင်းထုတ်ပြန်သည်။

ဧပြီလ ၅ ရက်နေ့ ညနေ ၃ နာရီအချိန် သတင်းပေးပို့ချက်များအရ Tanintharyi Defense Force ဘက်မလိုက်ပြောက်ကျားအဖွဲ့က တပ်သား အောင်ကျော်ဦးကို သွားရောက်ဖမ်းဆီးခဲ့ရာ WY မှုးယစ်ဆေးဝါးနဲ့အတူ လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

တပ်သားအောင်ကျော်ဦးကို စစ်ဆေးမေးမြန်းချက်များအရ တပ်ရင်းမှ အရာရှိများကိုယ်တိုင် မှုးယစ်ဆေးဝါးများကို ကိုယ်တိုင်သုံးစွဲ ဖြန့်ဖြူးရောင်းဝယ်နေကြောင်းတပ်သား မောင်အောင်ကျော်ဦးက‌ ပြောဆိုကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article