25 C
Yangon

သံတောင်မြို့၊ ၁၁ မိုင်ကုန်းအနီး ကင်းလှည့်နေသော စစ်သား ၂ ဦး ကို KNLA မိုင်းဆွဲ၊ သေနတ် ၂ လက်ရရှိ

Must read

ရန်ကုန်၊ ဧပြီ ၂၀

ကရင်ပြည်နယ်၊ သံတောင်မြို့နှင့် ပျားစခန်းကျေးရွာကြား ၁၁ မိုင်ကုန်းအနီး ကင်းလှည့်နေသော စစ်ကောင်စီတပ်သား ၂ ဦးကို KNLA တပ်မဟာ ၂ တပ်ဖွဲ့က ယနေ့ ဧပြီလ ၂၀ ရက် နံနက် ၆ နာရီခွဲတွင် မိုင်းဆွဲတိုက်ခိုက်ရာ အဆိုပါ စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၂ လက်ရရှိကြောင်း သတင်းရရှိသည်။

“သံတောင်-တောင်ငူ ကားလမ်းမှာပေါ့၊ သံတောင်မြို့အဝင်ဂိတ်နဲ့ ပျားစခန်းရွာကြားက ၁၁ မိုင်ကုန်းနားမှာ မိုင်းဆွဲတာ။ စစ်သား ၂ ယောက် ပွဲချင်းပြီး သေတယ်၊ သေနတ် ၂ လက်ရတယ်။ ပြည်သူ ၁ ဦးလည်း ဒဏ်ရာရတယ်၊ မစိုးရိမ်ရဘူး” ဟု သံတောင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

စစ်သား ၂ ဦး မိုင်းဆွဲတိုက်ခိုက်ခံရချိန်တွင် ဆိုင်ကယ်ဖြင့် သွားလာနေသော ပြည်သူ ၁ ဦး ယမ်းစ ထိမှန်ခဲ့ခြင်းဖြစ်ပြီး မစိုးရိမ်ရကြောင်း သိရှိရသည်။

သေဆုံးခဲ့သော စစ်သား ၂ ဦးမှာ လယ်ဝေးမြို့နယ်၊ သဲဖြူကျေးရွာ အခြေစိုက် ခမရ ၄၁၄ တပ်ရင်းမှ ဖြစ်သည်။

မိုင်းခွဲခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သံတောင်-တောင်ငူလမ်း၊ သံတောင်မြို့အဝင်ဂိတ်များအနီးတွင် လုံခြုံရေး တင်းကျပ်ထားပြီး အဆိုပါ မြို့အဝင်ဂိတ်ကိုလည်း ခဏပိတ်ထားခဲ့ကြောင်း၊ လက်ရှိတွင် ပြန်ဖွင့်ပြီဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ – KNLA က ရရှိခဲ့သော သေနတ် ၂ လက်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article