27 C
Yangon

သူ့ကိုယ်သူ ဘွဲ့နှစ်ဘွဲ့ ပြန်ပေးသည့် မင်းအောင်လှိုင်၏ တိုင်းပြည်ဖျက်ဆီးမှုအပေါ် စိတ်မလုံခြုံမှုနှင့်ဖိစီးမှု ဝေဒနာ

Must read

By စိတ်ပညာသုတေသီ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီလ ၁၇ ရက်နေ့တွင် သူ့ကိုယ်သူ ဘွဲ့တံဆိပ်နှစ်ခု ပေးအပ်ချီးမြှင့်ကြောင်း ကြေညာခဲ့သည်။

ကွယ်လွန်သူ ခေါင်းဆောင်ဟောင်း၊ အာဏာရှင်ဟောင်းများနှင့်အတူ တန်းတူ သူ့ကိုယ်သူ ဘွဲ့နှစ်ဘွဲ့ ပြန်အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ကြီးချုပ်ဟောင်း ဦးနု၊ သမ္မတ စန်းယု၊ ဝန်ကြီးချုပ်ဟောင်းနှင့်စစ်အာ ဏာရှင် နေဝင်း၊ စစ်အာဏာရှင်ဟောင်း သန်းရွှေ၊ ယာယီသမ္မတ ကြေညာထားသူ မြင့်ဆွေတို့ကို ဘွဲ့တံဆိပ်များ ချီးမြှင့်ကြောင်း ကြေညာခဲ့ပြန်သည်။

မင်းအောင်လှိုင်က သူ့ကိုယ်သူ သတိုးသီရိသုဓမ္မဘွဲ့၊ သတိုးမဟာသရေစည်သူ ဘွဲ့များ ပြန်လည် ပေးအပ်ခဲ့သည်။

ထိုသို့ ဘွဲ့ပေးအပ်မှုနောက်ကွယ်တွင် မည်သည့်အကြောင်းအရင်းများရှိနေသနည်း။ မိမိကိုယ်ကိုယ် ဘွဲ့ နှစ်ဘွဲ့ ပြန်ပေးရသည်အထိ မင်းအောင်လှိုင် စိတ် အခြေအနေက မည်သို့ရှိနေပါသနည်း။

စိတ်ပညာတွင် စိတ်မလုံခြုံမှု၊ ဖိစီးမှု၊ မလိုလားသည့်အတွေ့အကြုံနှင့် အမှတ်သညာ စသည့် ဖြေရှင်းမရ သည့် စိတ် ဒုက္ခ ကို မိမိကိုယ်တိုင် ကြိုးစားဖြေရှင်းသည့် ဖြစ်စဥ်ရှိသည်။ Defense mechanism ဟုခေါ်သည်။ ဗိုလ်ချုပ်မင်းအောင်လှိုင်၏ နိုင်ငံတော် ဂုဏ်ထူးဆောင် ဘွဲ့များ၊ တံဆိပ်များကို ဧပြီလ ၁၇ ရက်စွဲဖြင့် လက်မှတ်ထိုးချီးမြှင့်သည့် ကိစ္စကို Defense mechanism ရှုထောင့်မှ ကြည့်နိုင်သည်။

Defense mechanism နည်းလမ်းများစွာရှိသည့်အထဲမှ Reaction Formation နည်းလမ်းသည် ဥပမာတခုဖြစ်သည်။

Reaction Formation ဆိုသည်မှာ မိမိစိတ်အမှန်ကို ဖုံးကွယ်ရန် (သို့မဟုတ်) မိမိအမှားနှင့် ထိုအမှားကြောင့် ရသည့် စိတ်ဖိစီးမှုကိုဖုံးအုပ်ရန် အလျော်အစားအနေဖြင့် အချို့ ကိစ္စများကို ပိုပိုသာသာ လုပ်ပြခြင်းဖြစ် သည်။

မင်းအောင်လှိုင်၏ ကွယ်လွန်သူများအပါအ၀င် လူတသီတတန်းအား နိုင်ငံတော် ဂုဏ်ထူးဘွဲ့တံ ဆိပ်များ ပေးအပ်ခြင်းသည် သူ့ပုံရိပ်၊ စစ်တပ်ဂုဏ်သိက္ခာ နှင့် တိုင်းပြည်ကို ဖျက်ဆီးသူမှာ သူဖြစ်နေသည်ဆိုသည်ကို မသိစိတ်က စေ့ဆော်နေသဖြင့် သူ့အတွက် အလျှော်အစားလုပ်ရန် အပူတပြင်း လိုအပ်နေသည်။

လူပေါင်းများစွာအား နိုင်ငံတော်ဘွဲ့များ တံဆိပ်များ ချီးမြှင့်လိုက်ခြင်းဖြင့် သူသည် တိုင်းပြည်ကို ဖျက်ဆီး သူမဟုတ်၊ တိုင်းပြည်ဂုဏ်ပြောင်အောင် ချီးမြှောက်သူဖြစ်သည်ဟု လူအများ မှတ်ယူလိမ့်မည်ဟု ထင်မြင်ခြင်းကြောင့်ဖြစ်သည်။

အလားဆင်တူသည့် ဥပမာမှာ Undoing ဖြစ်သည်။ မိမိအမှားကို အအလျှော်အစားပေးသည့်အနေဖြင့် ကောင်းသည်ဟုထင်မှတ်သော လုပ်ရပ်များကို လုပ်ခြင်းဖြစ်သည်။ ဘုရားတရားလုပ်ခြင်း၊ ကောင်းမှု ကုသိုလ်လုပ်ခြင်းများသည်လည်း ထိုနည်းလည်းကောင်းပင်။

သူသည် မိမိကိုယ်မိမိအထင်ကြီးလွန်သည့် Narcissist ဖြစ်သည့်အတွက် စစ်တပ်နှင့် တိုင်းပြည်ဖျက်ဆီးသူဘ၀ရောက်သွားရသည့် ဝေဒနာသည် ပြင်းထန်သည်။ ထွက်ပေါက်ရရန်အတွက် လူအထင်ကြီးမည့်အရာများ၊ လူလေးစားအသိအမှတ်ပြုမည့်လုပ်ရပ်များကို တခုပြီးတခုလုပ်နေဖို့လို သည်ဟု မသိစိတ်က အမြဲစေ့ ဆော်နေသည်။

Defense mechanism သည် စိတ်ဝေဒနာမဟုတ်ပါ။ လူ့စိတ် သဘော သဘာ၀၏ ပုံမှန်စိတ်ဖြစ်စဥ် ဖြစ်သည်။ သို့သော် သာမာန်မဟုတ်သည့် အလွန်အကျွံ လုပ်ရပ်များဖြစ်လာပါက ထိုလုပ်ရပ်များသည် စိတ်၀ေဒနာတခုခု၏ လက္ခဏာများကို ညွန်ပြတတ်ကြသည်။

မင်းအောင်လှိုင်၏ နိုင်ငံတော်ဘွဲ့ တံဆိပ်များပေးအပ်မှုသည် အတိုင်းအဆမဲ့ အလွန်အကျွံ အလျှော်အစားပေးသည့် လုပ်ရပ်ကဲ့သို့ဖြစ်နေသည့်အတွက် စိတ်ဖိစီးမှုဝေဒနာ ခံစားနေရသည်ဟု ဆိုနိုင်သည်။

တချိန်တည်းတွင် သင့်တင့်လျော်ကန်သည့် အတိုင်းအတာမဟုတ်သဖြင့် အမှန်ကို မမြင်နိုင်ဘဲ ထင် ယောင်ထင်မှားဖြင့် အသက်ရှင်ရပ်တည်နေသော လူတဦး (Delusional) ဖြစ်နေပြီလားဆိုသည့်မေးခွန်းရှိလာပြီး စိတ်ကျန်းမာရေး ဆန်းစစ်ရန် လိုအပ်လာသည်။

ဓာတ်ပုံ- ဧပြီလ ၁၉ ရက်နေ့ ပြင်ဦးလွင်-မန္တလေးရထားလမ်းရောက်ရှိနေသည့် မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article